DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံတွင် ဖမ်းမိသည့် ဂျပန်သတင်းထောက်ကို စစ်ကောင်စီက ပုဒ်မသုံးခုဖြင့် အမှုဖွင့်
DVB
·
August 4, 2022
တောင်ဒဂုံတွင် ဖမ်းမိသည့် ဂျပန်သတင်းထောက်ကို စစ်ကောင်စီက ပုဒ်မသုံးခုဖြင့် အမှုဖွင့်
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်  ၁၉ ရပ်ကွက် မြိတ်လမ်းမပေါ်မှာ ဇူလိုင် ၃၀ ရက်ညနေပိုင်းက  စစ်ကောင်စီတပ်တွေ ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက်ကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာ ဇူလိုင် ၃၀ ရက် ညနေပိုင်း ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဂျပန်နိုင်ငံသား Toru Kubota အပါအဝင် သုံးဦးဖမ်းဆီးခံခဲ့ရတာလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို စစ်ကြောရေးပို့ပြီး စစ်တယ်၊ ပြီးမှ တောင်ဒဂုံရဲစခန်းကိုလွှဲပြီး အမှုဖွင့်ခိုင်းတာ။ လဝကဥပဒေ ၁၃ (၁) ရယ်၊ ပုဒ်မ ၅၀၅ (က) ရယ်၊ ဗီဇာဖောက်ဖျက်မှုရယ်၊ အဲဒီသုံးခုနဲ့ အမှုဖွင့်ထားတယ်၊ ကျန်နှစ်ယောက်က စစ်နေတုန်း” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံသား သတင်းထောက်ကို ဂျပန်သံရုံးက ထုတ်ပြန်ချက်တွေ ထုတ်လာတာကြောင့် ချက်ချင်းအမှုဖွင့်တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ဆန္ဒပြတဲ့သူတွေနဲ့ဆက်သွယ်ပြီး ဆန္ဒပြမယ့်နေရာကို ချိန်းတာပြုတာတွေ လုပ်တာရယ်၊ သူကိုယ်တိုင် ဗီနိုင်းကိုင်တာတွေက ကိုယ်တိုင်ပါဝင်တဲ့သဘော သက်ရောက်နေတယ်” လို့ ရှင်းပြပါတယ်။

အဲဒီနေ့က ဂျပန်နိုင်ငံသား Toru Kubota နဲ့ အမျိုးသားတဦး၊ အမျိုးသမီးတဦးတို့ဟာ ကင်မရာတလုံး၊ ဗီနိုင်းစနဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ဂျပန်နိုင်ငံသား Toru Kubota ဟာ ဇူလိုင် ၁ ရက်နေ့က Tourist Visa နဲ့ ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်မြို့ကို ဝင်ရောက်ခဲ့တာလို့ လဝကဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013