DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့ကို စစ်ကောင်စီက ပုဒ်မ- ၁၄၄ ထုတ်ပြန်
DVB
·
August 4, 2022
တောင်ကြီးမြို့ကို စစ်ကောင်စီက ပုဒ်မ- ၁၄၄ ထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ပြည်နယ်အစိုးရရုံးစိုက်ရာမြို့တော် တောင်ကြီးကို အာဏသိမ်း စစ်ကောင်စီတပ်က သြဂုတ် ၁ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ထုတ်ပြန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ တောင်ကြီးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတွေကို မပြုလုပ်ဖို့နဲ့ လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက် ပိုသူများအနေနဲ့ လမ်းသွယ်၊ လမ်းကြားမကျန် အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်း မပြုလုပ်ဖို့ အပါအဝင် ည ၁၂ နာရီကနေ့ မနက် ၄ နာရီအထိ ညမထွက်ရလို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တော်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းကာ အဓမ္မဖမ်းဆီး ထောင်ချထားတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဒါ့အပြင် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ သတင်းမီဒီယာတွေကိုလည်း စစ်ကောင်စီက အဓမ္မ ဖမ်းဆီးထောင်ချထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013