DVB Logo
Home
မြန်မာသတင်း
NUG စနိုက်ပါတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ပစ်သတ်
DVB
·
August 4, 2022
NUG စနိုက်ပါတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ပစ်သတ်
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်တွင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ NUG လက်အောက်ခံ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး လက်ဖြောင့်တပ်ဖွဲ့ (စနိုက်ပါ)က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီ တပ်သား ၁၂ ယောက်ကို  ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သြဂုတ် ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ် ထီခူးတောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်း ခ.မ.ရ (၄၂၈) တပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ၄ ကြိမ် သွားရောက်ပစ်ခတ်ရာ စစ်သား ၈ ယောက် သေဆုံးခဲ့ပြီး ဖယ်ခုံမြို့နယ်၊ လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်ရာ ၁ ဦး၊ မိုးဗြဲစစ်ဆင်ရေးမှာ ၃ ဦး ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေမှာ နယ်မြေကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ကရင်နီပူးပေါင်းတပ်ဖွဲ့၊ တခြားမဟာမိတ်တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ကယား(ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမှာ အခြေချလှုပ်ရှားနေတဲ့ နွေးဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာလည်း စစ်ကောင်စီတပ်သား ဆယ်နဲ့ချီပြီး တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013