DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရ
DVB
·
August 4, 2022
ထိုင်းသို့တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရ
1 / 3
Donate to DVB

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ 

မြန်မာပြည်က နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အကျပ်အတည်းတွေကြောင့် နိုင်ငံသားတွေဟာ နည်းအမျိုးမျိုးနဲ့ ပြည်ပကိုထွက်ပြီး လုပ်ကိုင်စားသောက်နေကြရပါတယ်။ 

အများအားဖြင့် ထိုင်းနိုင်ငံထဲဝင်ရောက်လုပ်ကိုင်ကြပြီး တရားမဝင်လမ်းကြောင်းက ဝင်ရောက်သူတွေလည်း နေ့တိုင်းလို ထိုင်းတာဝန်ရှိသူတွေရဲ့ ဖမ်းဆီးခံနေရပါတယ်။ 

ကန်ကျနပူရီခရိုင်ဘက်မှာ တရားမဝင်မြန်မာ ၄၂ ဦး မနေ့ကအဖမ်းခံရပြီး ထိုင်းအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ထဲမှာလည်း နောက်ထပ်မြန်မာ ၁၁၀ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းစစ်တပ်  Royal Thai Army သတင်းအရ သိရပါတယ်။ 

ဖမ်းဆီးခံရသူ ၁၁၀ ထဲမှာ အမျိုးသား ၇၄ ဦး၊ အမျိုးသမီး ၃၆ ဦးပါဝင်ပြီး ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းမှ ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းထိ ၁ ရက်အတွင်း ကရကျူပ်ခီရီခန်မြို့နယ် အောဝ်နွဲ့၊ ကော်လတ် ၊ ဟွေ့ဆိုင်း နဲ့ ခလောင်းဝါးလ် စတဲ့ ကျေးရွာအုပ်စု ၄ နေရာကနေ ဖမ်းဆီးရမိခဲ့တာလို့ နယ်ခြားစောင့်တပ်တာဝန်ရှိသူက ပြောပါတယ်။ 

မြန်မာအလုပ်သမား ၁၁၀ အား လမ်းပြခေါ်ဆောင်လာသူ ၃ ဦးနဲ့ တင်ဆောင်လာတဲ့  ကား ၄ စီးကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာပြည် ပဲခူး၊ ထားဝယ်၊ ရန်ကုန်၊ မကွေး၊ ဧရာဝတီနဲ့ မော်လမြိုင် စတဲ့ဒေသတွေကဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်စခွန်း၊ ပထုံဌာနီ၊ ချွန်းပူးရီးနဲ့ လယောင်းမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦး ဘတ် ၂၀,၀၀၀ မှ ၃၅,၀၀၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးဌာနက အဖျားတိုင်းရာမှာ အားလုံးပုံမှန်အခြေအနေရှိပြီး လဝကဥပဒေနဲ့ အရေးယူဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကို ပို့လိုက်တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013