DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့တွင် ညမထွက်ရအမိန့် လိုက်နာကြရန် စစ်ကောင်စီ လိုက်လံကြေညာ
DVB
·
August 4, 2022
ထားဝယ်မြို့တွင် ညမထွက်ရအမိန့် လိုက်နာကြရန် စစ်ကောင်စီ လိုက်လံကြေညာ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့လိုက်နာကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မြို့အတွင်း လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထားဝယ်မြို့ခံတဦးက "လိုက်ကြေညာတာကတော့ မနေ့ကရော ဒီနေ့ပါ လိုက်ကြေညာနေတာ၊ ကောလာဟာလသတင်းတွေ မယုံကြဖို့ပါ ထည့်ကြေညာနေတယ်၊ ၄ နာရီနောက်ပိုင်းမှ ထွက်ရမယ်ဆို စျေးသည်တွေအခက်တွေ့ကြမှာ၊ သူတို့က မနက် ၂ နာရီလောက်ကတည်းက ထွက်မှ အဆင်ပြေကြတာ" လို့ ပြောပါတယ်။

ထားဝယ်မြို့မှာ အရင်က ည ၉ နာရီနောက်ပိုင်း လမ်းသွားလမ်းလာတွေ မရှိကြတော့ပေမဲ့ စျေးသည်တွေကတော့ မနက် ၂ နာရီလောက်ကတည်းက သွားလာနေကြတာတွေရှိတယ်လို့ သိရပါတယ်။

ထားဝယ်မြို့မှာ အရင်ကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားတာရှိပေမဲ့ အချိန်သတ်မှတ်ချက်ကိုတော့ အတိအကျမသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်၊ မနက် ၃ နာရီခွဲလောက်ကလည်း ညမထွက်ရအမိန့် ဖောက်ဖျက်တယ်လို့ဆိုကာ ထားဝယ်မြို့ ကမ်းနားစျေး စျေးသည်အများစု အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013