DVB Logo
Home
မြန်မာသတင်း
တနှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၅၀ ခန့်ကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၄,၉၇၀ ထိရှိလာ
DVB
·
August 4, 2022
တနှစ်ခွဲအတွင်း စစ်တပ်က ပြည်သူ ၂၁၅၀ ခန့်ကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၄,၉၇၀ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၄၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်းအယောက် ၁၄,၉၇၀ ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၇၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၇၇ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ် လို့ ဆိုပါတယ်။

သြဂုတ် ၁ ရက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဆန္ဒပြသပိတ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုကျော်ဝင်းစိန်ကို မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကိုကျော်ဝင်းစိန်ဟာ မန္တလေးမြို့ ဆေးခန်းတခုမှာ ဆေးကုသဖို့ စောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၃၁ ရက်ညနေ ၅ နာရီခွဲလောက်ကလည်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုရဲ့ ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းနဲ့ ဖရူဆိုအခြေစိုက် (၁၂၈) တပ် ရင်းတို့မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ချိန်မှာ အဆိုပါလက်နက်ကြီးကျည်တလုံးဟာ ဒေသအတွင်းရှိ စစ်ရှောင်မိသားစု နေထိုင်တဲ့ နေအိမ်အနောက်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၃ နှစ်အ ရွယ် မားဂရက်မှာ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ဦးခေါင်းမှာ ကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မားဂရက်ရဲ့ ဖခင်ဖြစ်သူဟာ ဩဂုတ် ၁ ရက်မှာ သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013