DVB Logo
Home
မြန်မာသတင်း
ရေးမြို့ လ၀ကရုံး ၀င်ရောက်ပစ်ခတ်ခံရ၊ ဦးစီးမှူး အပါအဝင် ၅ ဦး သေဆုံး
DVB
·
August 3, 2022
ရေးမြို့ လ၀ကရုံး ၀င်ရောက်ပစ်ခတ်ခံရ၊ ဦးစီးမှူး အပါအဝင် ၅ ဦး သေဆုံး
1 / 3
Donate to DVB

မွန်ပြည်နယ်  ရေးမြို့နယ်ရှိ လ၀ကရုံးကို သြဂုတ် ၃ ရက်နေ့ မွန်းတည် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ခံရတာကြောင့် မြို့နယ်ဦးစီးမှူးအပါအဝင် အနည်းဆုံး  ၅ ဦး သေဆုံးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်ပြီး လက်ရှိ ရာထူးတာဝန်ကနေ နုတ်ထွက်ပေးကြဖို့  ရေးဘီလူးအဖွဲ့က လူမှုကွန်ရက်ကနေတဆင့် သတိပေးလိုက်ပြီးတဲ့နောက် မလိုက်နာတာကြောင့် လာဘ်စားမှု အများဆုံးဖြစ်တဲ့ လ၀က ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လုံခြုံရေး တင်းကျပ် ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတဦးက “အခုလို  ၀န်ထမ်းတွေ ဖိအားပေးနုတ်ထွက်ဖို့ဆိုတာ မိသားစုရဲ့ စားဝတ်နေနေရေးက ရှိသေးတော့ နုတ်ထွက်ခဲ့ပြီး အခုမှ တခြား ပြင်ပ စီးပွားရေးအလုပ်ကလည်း မရှိပြန်ဆိုတော့ ဘယ်လိုဆက်ပြီး ရပ်တည်ရမှာလဲ” လို့ ပြောပါတယ်။

၀န်ထမ်းတွေအနေနဲ့ သြဂုတ် ၂ ရက်နေ့ နောက်ဆုံးထားပြီး လက်ရှိရာထူးတာဝန်တွေက နုတ်ထွက်ပေးကြဖို့ မထွက်ပါက အားလုံးကို ထိရောက် ရောက်စွာတုံ့ပြန်သွားမယ်လို့  ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေးမြို့နယ်အတွင်း သြဂုတ် ၃ ရက်အထိ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊  ရဲ၊  သတင်းပေး၊  အုပ်ချုပ်ရေးမှူး၊ အရပ်ဘက်ဝန်းထမ်းတွေဖြစ်တဲ့  လ၀က၊ သစ်တော၊  ပညာရေးဝန်ထမ်း အပါအဝင်  ၂ ဒါဇင်လောက်ကို ရှင်းလင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့  ရေးဘီးလူး အဖွဲ့တွေကို စစ်တပ်၊ ရဲတွေဆီမှာ သတင်းပေးတိုင်ကြားတဲ့သူတွေကို ဆုကြေးပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရေးမြို့နယ်ကို လုံခြုံရေး တင်းကျပ်ပိတ်ဆို့ထားတဲ့ကြားက ရေး ချောင်းတောင် စစ်ဆေးရေးဂိတ်နဲ့ ရေးမြို့မ ရဲစခန်းလည်း ၀င်ရောက် တိုက်ခိုက်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013