DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းတနှစ်ခွဲနီးပါးအတွင်း အမျိုးသမီး ၂၄၁ ဦးသေဆုံးပြီး ၂၄၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ
DVB
·
August 3, 2022
အာဏာသိမ်းတနှစ်ခွဲနီးပါးအတွင်း အမျိုးသမီး ၂၄၁ ဦးသေဆုံးပြီး ၂၄၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရ
Donate to DVB

အာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာမှာ မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၂၄၁ ဦး သေဆုံးခဲ့ရပြီး ၂၄၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ဇူလိုင် ၃၁ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသမီး ၂၃၇၂ ဦးနဲ့ သေဆုံးသွားတဲ့ အမျိုးသမီး ၂၄၁ ဦး ရှိကြောင်း BWU ရဲ့ အချက်အလက်တွေအရ ဖော်ပြထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေထဲက ၁၉၄ ဦးဟာလည်း ပြစ်ဒဏ်အသီသီး ချမှတ်ခံထားရပြီး ဖြစ်သလို စီရင်ချက်ချခံရသူတွေထဲမှာ အမြင့်ဆုံး သေဒဏ်ချမှတ်ခံရသူ ၉ ဦး၊ ထောင်ဒဏ်တသက်တကျွန်းချခံရသူ ၈ ဦးနဲ့ ထောင်ဒဏ် ၉ နှစ်အထက် ချမှတ်ခံရသူ ၃၀ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီအရေအတွက်တွေဟာ  မြန်မာ့အမျိုးသမီးသမဂ္ဂ နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ ကောက်ယူထားတဲ့ အချက်အလက်ဖြစ်ပြီး ဒီထက်များနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အတွင်းရေးမှူး ဇူဇူးက ပြောပါတယ်။

“ကျမတို့ရရှိတဲ့ သတင်းအချက်အလက်အရ၊ ကျမတို့စုဆောင်းတဲ့သတင်းအချက်အလက်တွေအရ တနိုင်ငံလုံး အတိုင်းအတာ နဲ့ နံပါတ်ဖြစ်တယ်။ သို့သော်လည်း ကျမတို့ ယုံကြည်တာက ဒီလိုမျိုး အခက်အခဲကာလာမှာ အခက်အခဲဆိုတာက ဒီတော်လှန်ရေးကာလ၊ တိုင်းပွဲတွေပြင်းထန်တဲ့ ကာလဆိုတော့ တကယ့်မြေပြင်အချက်အလက်မှာ ဒီထက်ပိုများတဲ့နံပါတ်တွေ၊ ဖမ်းဆီးထိန်းသိမ်းခံရလို့ ခံရမှန်းမသိ၊ သေဆုံးလို့ သေဆုံးမှန်းမသိတဲ့ ဒီထက်ပိုပြီး အချက်အလက်မရဘဲနဲ့ ဝေးကွာတဲ့ နံပါတ်အရေးအတွက်ကတော့ တကယ့်မြေပြင်မှာ ဒီထက်ပိုပြီးတော့ များမယ်လို့ ကျမတို့ BWU အနေနဲ့ ယုံကြည်လက်ခံတယ်ပေါ့နော်။”

ဒါ့အပြင် သေဆုံးသွားတဲ့အမျိုးသမီး ၂၄၁ ယောက်ဟာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုမှာပါဝင်ရင်း ပုံစံမျိုးစုံနဲ့ သေဆုံးသွားတာလို့ ဆိုပါတယ်။

“သေဆုံးတဲ့လူတွေကတော့ ဒီအကြမ်းဖက်အာဏရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့၊ တိုက်ပွဲပါဝင်ပြီး သေဆုံးတဲ့ စုစုပေါင်း အမျိုးသမီးဦးရေ ဖြစ်တယ်ပေါ့နော်။ သပိတ်တွေ ရှေ့ဆောင်ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့သူတွေ၊ နောက်တခုက စစ်ကြောရေးမှာ အကြမ်းဖက်ခံရပြီးတော့ ထောင်တွင်းသေဆုံးသွားတဲ့သူတွေ၊ ဒါမျိုးတွေပေါ့နော်။ ဒီနံပါတ်အရေအတွက်တွေကို ကျမတို့ဖော်ပြသွားတာဖြစ်တယ်။ ဒါကလည်း အရှေ့မှာ ကျမပြောသလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူတွေလိုပဲ မြေပြင်အချက်အလက်က ဒီထက်ပိုများနိုင်တယ်ဆိုတဲ့ဟာတော့ ကျမတို့အနေနဲ့ ယုံကြည်လက်ခံတယ်ပေါ့နော်။”

စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၄၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၉၅၆ ယောက်ထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၅၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013