DVB Logo
Home
မြန်မာသတင်း
ဝင်းတာပန်စခန်းကို KNU လာတိုက်လျှင် ကျေးရွာထဲပစ်ခတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
August 3, 2022
ဝင်းတာပန်စခန်းကို KNU လာတိုက်လျှင် ကျေးရွာထဲပစ်ခတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ ဝင်းတာပန်တပ်စခန်းကို (KNU) လက်အောက်ခံ တပ်ရင်းတွေ လာရောက် ပစ်ခတ်တိုက်ခိုက်ပါက ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်မယ်ဆိုပြီး စစ်ကောင်စီစခန်းမှူးက ခြိမ်းခြောက်လာတယ်လို့ KNU တပ်မဟာ (၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ  စစ်ကောင်စီစခန်းမှူးက ဝင်းတာပန်ကျေးရွာ ရပ်မိရပ်ဖတွေကို အစည်းအဝေး ခေါ်ယူပြီး သူတို့စခန်းကို KNU လက်အောက်ခံတပ်ရင်းတွေ လာရောက်ပစ်ခတ်ပါက ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်လာတာပါ။

စစ်ကောင်စီ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ရင်းတွေ သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီစခန်းမှူးက ကျေးရွာဒေသခံတွေကို အခုလို ခြိမ်းခြောက်လာတာပါ။

KNU တပ်မဟာ(၁) သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ချက်ရှိ ခြိမ်းခြောက်ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ဝင်းတာပန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စကခ ၈ (ပိန္နဲတော) လက်အောက်ခံ ခမရ (၄၁၀) တပ်ရင်း ဖြစ်ပြီး စခန်းမှူးတာဝန်ကို တပ်ခွဲမှူး မျိုးကျော်မြင့်က ဦးဆောင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်စစ်‌ရေး ဆက်လက် တင်းမာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013