DVB Logo
Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်ပါ ယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 3, 2022
ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်ပါ ယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးကနေ မြင်းမူဘက်ထွက်လာတဲ့ စစ်ကောင်စီအင်အား ၇၀ လောက်ပါတဲ့ ယာဉ် ၂ စီးကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ချောင်းဦးမြို့နယ် ငါးယှန်ရွာအရှေ့ဘက်မှာ သြဂုတ် ၂ ရက် မနက် ၆ နာရီ ၄၅ မိနစ်လောက်က နေရာ ၃ နေရာခွဲပြီး မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ Farmers Revolution Force (FRF) ကနေ သိရပါတယ်။

Farmers Revolution Force (FRF) သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက “ချောင်းဦးကနေပြီးတော့ ထွက်တာ၊ သံချပ်ကာကား ၂ စီးနဲ့ ထွက်တယ်ဗျ။ ၂ လုံး ပွိုင့် ၃ ပွိုင့် ဆွဲလိုက်တာ ကားတစီးကတော့ အဲ့နားမှာတင် ထိုးရပ်သွားတယ်။ အကောင်ရေက တော်တော်များများရတယ်ဗျ” လို့ ပြောပါတယ်။

ပထမစစ်ကောင်စီကားတစီးမှာ အင်အား ၄၀ ခန့်ပါပြီး ဒုတိယအစီးမှာ အင်အား ၃၀ ခန့် ပါရှိကြောင်း၊ အင်အား ၃၀ ပါတဲ့အစီးက ထိုးရပ်သွားခဲ့ပြီး ကျန်အစီးမှာလည်း ကားနောက်ခြမ်းပိုင်းတွေ ထိခိုက်ပျက်စီးသွားကြောင်း၊ စစ်ကောင်စီကား ၂ စီးလုံး မိုင်းထိခဲ့တဲ့အတွက် ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

FRF သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက “မနက်က ကျနော် ပွိုင့်မဆွဲခင်ကို စစ်သုံးဂျက်လေယာဥ် ဝဲတယ်ဗျ။ အဲလိုဝဲတဲ့အချိန်ကျ ကျနော်တို့ ပွိုင့်ဆွဲတဲ့လူတွေက ချုံထဲမှာဝင်နေရတယ်ဗျ။ သူတို့ပြန်သွားတဲ့အချိန်မှ ချောင်းဦးက သံချပ်ကာကား ၂ စီး ထွက်လာတာ။ ထွက်လာတော့ ကျနော်တို့ ပွိုင့် ၃ ပွိုင့်ဆွဲလိုက်တာ ၂ စီးထွက်လာတာ ၂ စီးမြောက်ကားက ထိုးရပ်သွားတယ်။ ထိုးရပ်သွားပြီးတော့ ပစ်ထားခဲ့တယ်။ ပစ်ထားခဲ့ပြီးတော့ ဒီပြင့်ကားနဲ့ ဆွဲပြီးတော့ နတ်ရေကန်နားမှာ ထားပစ်ခဲ့တယ်။ ကျန်တဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့လူတွေကိုတော့ မြင်းမူမှာ သယ်သွားတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Farmers Revolution Force (FRF) တပ်ရင်းနဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (စစ်ကိုင်းခရိုင် တပ်ရင်း ၅) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013