DVB Logo
Home
မြန်မာသတင်း
NUGPay Wallet ဖွင့်သုံးစွဲသူ အယောက် ၅,၀၀၀ ပြည့်
DVB
·
August 3, 2022
NUGPay Wallet ဖွင့်သုံးစွဲသူ အယောက် ၅,၀၀၀ ပြည့်
Donate to DVB

လတ်တလောအချိန်ထိ NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် ၅,၀၀၀ ပြည့်ခဲ့ပြီဖြစ်ကာ မကြာခင်အချိန်အတွင်းမှာ Pilot ကာလ မျှော်မှန်းချက် Wallet ၁၀,၀၀၀ ပြည့်မီအောင် ကြိုးပမ်းနေပြီး ဒေသအားလုံးကို လွှမ်းခြုံနိုင်အောင် အထူးကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံးပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေးယန္တရားအောက်မှ လုံးဝလွတ်ကင်းတဲ့ ငွေပေးချေမှုစနစ်တခုဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး NUGPay ရဲ့ Pilot Project ကိုတော့ Wallet ပေါင်း “တသောင်း” နဲ့သာ စတင်လည်ပတ်မှာဖြစ်ပြီး လက်ရှိမှာ ပြည်သူအားလုံး လက်လှမ်းမီနိုင်သေးမှာ မဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်း အောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို  ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ တွေ့ရပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ အညာဒေသတွေ အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေဆီ ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013