DVB Logo
Home
မြန်မာသတင်း
အရာတော်မြို့တွင် စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်
DVB
·
August 2, 2022
အရာတော်မြို့တွင် စစ်ကောင်စီတပ်က အစစ်အဆေး တင်းကျပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ ဒီနေ့ ဩဂုတ် ၂ ရက်၊ မနက်ခင်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်က အစစ်ဆေးတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ အရာတော်မြို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ဆေးရင်း အမျိုးသမီးတွေကို ရုန့်ရင်းကြမ်းတမ်းစကားတွေနဲ့ ဆဲဆိုတာ‌တွေ ပြုလုပ်တယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ကျမက အရာတော်တောင်ပိုင်းက ကျေးရွာတရွာကပါရှင့်။ ဒီနေ့မနက်ခင်း အရာတော်မြို့ပေါ်ကို ဈေးသွားဝယ်တာ သူတို့စစ်ဆေးတာ ခံခဲ့ရတယ်။ သူတို့ ဘာတွေ စစ်ဆေးတာလဲဆိုတော့ ဘယ်ကလာတာလဲ၊ ဘာဝယ်မှာလဲ ပထမက အဲလိုမေးတယ်။ နောက်ပြီး ပါတဲ့ ခြင်းတွေ၊ အိတ်တွေ အကုန်စစ်တယ်။ နောက်ပြီး ဆဲဆိုတာတွေလုပ်တယ်။ မြန်မြန်လုပ်၊ နင်တို့နယ်က နင်တို့လင်တွေ လက်နက်ကိုင်ပြီး ငါတို့ကို တော်လှန်နေလို့ ငါတို့ အခုလို အလုပ်ရှုပ်နေရတယ်။ အဲဒီလိုတွေ ဆဲတာတွေ လုပ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ဆေးတာတွေကို အရာတော်မြို့အနောက်ထွက်က ကမ္ဘောဇ စာသင်ကျောင်းရှေ့မှာ တဖွဲ့နဲ့ အရာတော်မြို့ တောင်အထွက်မှာ တဖွဲ့ စုစုပေါင်းနှစ်ဖွဲ့နဲ့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်က ပြုလုပ်နေတာကြောင့် အရာတော်မြို့နယ်အတွင်းက ကျေးရွာသားတွေဟာ အရာတော်မြို့ပေါ် ဈေးသွားဝယ်ရတာကို ကြောက်ရွံ့လာကြပြီး ဆေးဝါးတွေနဲ့ မီးဖိုချောင်သုံး ဆား၊ ဟင်းချိုမှုန့်၊ ငါးပိ၊ ငါးခြောက် စတာတွေပါ ပြတ်လပ်နေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013