DVB Logo
Home
မြန်မာသတင်း
YBS 94 ယာဉ်အား အမျိုးသားတဦး ခိုးယူမောင်းပြေးရာမှ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ
DVB
·
August 2, 2022
YBS 94 ယာဉ်အား အမျိုးသားတဦး ခိုးယူမောင်းပြေးရာမှ ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာကွေ့ CNG ဆိုင်မှာ ဂက်စ်ထည့်ဖို့စောင့်နေတဲ့ YBS 94 ယာဉ်ကို ဒီကနေ့မနက် သုံးနာရီခွဲလောက်မှာ အမျိုးသားတဦးက ခိုးယူမောင်းပြေးရာမှ ယာဥ်တိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေပြည်သာကွေ့ CNG ဆိုင်ကနေ အမည်မသိအမျိုးသားတဦးက မောင်းပြေးခဲ့ရာ တညင်းကုန်းလမ်းဆုံမီးပွိုင့်နဲ့ ဂျပန်လမ်းမီးပွိုင့်မှတ်တိုင်နားတို့မှာ ယာဥ်တိုက်မှုနှစ်ကြိမ် ဖြစ်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့တာလို့ သွားရောက်ကူညီပေးနေသူ ကြယ်စင်မေတ္တာအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မောင်းပြေးသွားတဲ့သူက တညင်းကုန်းလမ်းဆုံမှာ အရင်တိုက်တယ်။ ပြီးတော့ မရပ်ဘူး ထပ်မောင်းတယ်။ ဖော့ကန်လမ်းမီးပွိုင့် ဂျပန်လမ်းမီးပွိုင့်မှတ်တိုင်နားမှာ စိတ်ကျန်းမာရေးဖြစ်တဲ့ အမျိုးသမီးတဦးကို ထပ်တိုက်တယ်၊ ပွဲချင်းပြီးပဲ။”

ယာဥ်တိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့ရာ အသက် ၁၂ အရွယ် ကလေးငယ်တဦးနဲ့ စိတ်ဝေဒနာ ခံစားနေရသူ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနောင် နာရေး/ရှင်ရေးကူညီမှုအသင်း(အင်းစိန်) တာဝန်ရှိသူတဦးက ပြောပါတယ်။

လတ်တလောမှာ YBS 94 ယာဥ်မောင်းပြေးသွားသူကို ရပ်ကွက်နေပြည်သူတွေ ဝိုင်းဖမ်းပေးခဲ့တာကြောင့် ယာဥ်ထိန်းရဲတွေက ရွာမရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013