DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ကူးတို့၊ မြို့ပတ်ရထားနှင့် ဘတ်စ်ကားခများ ၂ ဆ တိုးမြှင့်
DVB
·
August 2, 2022
ရန်ကုန် ကူးတို့၊ မြို့ပတ်ရထားနှင့် ဘတ်စ်ကားခများ  ၂ ဆ တိုးမြှင့်
Donate to DVB

ရန်ကုန်မြို့ရဲ့ အများပြည်သူ အခြေခံသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့  ဒလ - ရန်ကုန် မြစ်ကူး ကူးတို့ခ၊ မြို့ပတ်ရထားခတွေနဲ့ ဘတ်စ်ကားခတွေကို ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီက  တိုးမြှင့်ကောက်ခံလိုက်ပါတယ်။

မြို့ပြဒေသက အခြေခံလူတန်းစားတွေ အဓိကမှီခိုအားထားနေတဲ့ ဒလ - ရန်ကုန်ကူးတို့ သ‌င်္ဘောခတွေ၊ မြို့ပတ်ရထားစီးနင်းခတွေကို မူလကျပ် ၁၀၀ ကနေ ကျပ် ၂၀၀ ကို တိုးမြှင့်သတ်လိုက်တဲ့အပြင် ဝါးတန်းဒလ ဇက်ရေယာဉ်ကူးခတွေကိုလည်း တိုးမြှင့်လိုက်တာပါ။

ဒီလိုအခြေခံအကျဆုံး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ မြို့တွင်း သယ်ယူပို့ဆောင်ရေး ယာဉ်စီးနင်းခတွေကို တိုးမြှင့်လိုက်တာက အများပြည်သူအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေပြီး စီးနင်းသွားလာမှုတွေမှာ အကန့်အသတ်တွေ ဖြစ်လာစေပါတယ်။

စစ်ကောင်စီဟာ စက္ကူအခက်အခဲကြောင့် လက်မှတ် အဟောင်းတွေ အပေါ်မှာ နှုန်းထားအသစ်တွေကို ရိုက်နှိပ်ဖြန့်ဝေနေတယ်လို့လည်း သိရပါတယ်။

အသစ်ပြင်ဆင်လိုက်တဲ့ ပန်းဆိုးတန်း - ဒလ ကူးတို့ ရေယာဉ်စီးခ နှုန်းထားတွေကိုလည်း မြစ်ဝကျွန်းပေါ်သွား လပွတ္တာမြို့နယ်ထဲက ပြင်ရွာကနေ ကန်ရွာသွား လက်မှတ်အဟောင်းတွေပေါ်မှာ ထပ်မံရိုက်နှိပ်ထားတကို တွေ့ရကြောင်း၊ ရေ ယာဉ်စီးနင်းခတွေကို တိုးမြှင့်လိုက်တာက အလွယ်တကူသွားလာနိုင်တဲ့အခြေအနေကို ကျဆင်းစေတယ်လို့ ဒလမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"အစကတော့ ၁၀၀ နဲ့ ၃ ခေါက်လောက် ကူးသွားလို့ရတယ်၊ အခုက ၂၀၀ ဆိုတော့ ဈေးဝယ်တဲ့အခါ ကျောင်းသွားတဲ့အခါ မဖြစ်မနေဟာက သွားနေရတော့ အခေါက်ရေ လျော့ရတာပေါ့။ ၃ ခါအစား ၂ ခါလောက် ၁ ခေါက် သွားတာပေါ့။ ငွေကလည်း ရှားပါးတော့ အခေါက် လျော့ရတာပေါ့။ အခုက အဖက်ဖက်က လူတွေလည်း ဒုက္ခရောက်နေတာဆိုတော့လေ။ ပေးတာတော့ ၂၀၀ က ပေးသင့်ပါတယ်။ ဒါပေမယ့် အခုက ဝင်ငွေ မရှိတော့လေ။ အလုပ်သမား ၅ ယောက်ရှိရင် အခုက ၂ ယောက်လောက်ပဲ အလုပ်ရှိတော့တာလေ။"

ဒလ - ပန်းဆိုးတန်းလူစီးကူးတို့အပြင် ဝါးတန်း - ဒလ ဇာတ်ရေယာဉ်ကူးခနှုန်းထားတွေကိုလည်း တတန်အောက်အိမ်စီးကားတွေကို မူလကျပ် ၂၅၀၀ ကနေ ကျပ် ၃၇၅၀၊ တတန်နဲ့ နှစ်တန်ကြားယာဉ်ငယ်တွေကို မူလ ကျပ် ၃၀၀၀ မှ ၄၅၀၀၊ နှစ်တန်နဲ့ သုံးတန်ကြားယာဉ်တွေကို ကျပ် ၄၀၀၀ မှ ၆၀၀၀၊ သုံးတန်နဲ့ခြောက်တန်ကြား ယာဉ်တွေကို ကျပ် ၅၀၀၀ မှ ၇၅၀၀၊ ခြောက်တန်နဲ့ ၁၂ တန်ကြားယာဉ်တွေကို ကျပ် ၆၀၀၀ မှ ၉၀၀၀ အထိ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ 

စက်ဘီး၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ်၊ နောက်တွဲယာဉ်သုံးဘီး၊ လေးဘီး စတဲ့ ယာဉ်တွေကိုတော့ အရင်နှုန်းထားအတိုင်း ဆက်လက်ကောက်ခံနေတာ ဖြစ်ပါတယ်။

လူစီးကူးတို့ခ တိုးမြှင့်ကောက်ခံနေတဲ့အပေါ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတဦးက "ဘာကြောင့်တက်လည်း မသိဘူးဗျ၊ အပေါ်ကလုပ်တာ ကျနော်တို့လည်းမသိဘူး" လို့ ပြောပါတယ်။

မြို့တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း အဓိကကျတဲ့ YBS ယာဉ်လိုင်း ၂၃ လိုင်းမှာ မူလယာဉ်စီးခ ကျပ် ၂၀၀ ကနေ ကျပ် ၄၀၀ အထိ ပြောင်းလဲသတ်မှတ်ပြေးဆွဲဖို့ ကြေညာထားပေမဲ့ မတတ်နိုင်ပါက ယခင်နှုန်းထားအတိုင်း စီးနင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်သုံးဆီဈေးတွေ တက်လာတာနဲ့အတူ စားသောက်ကုန်၊ လူသုံးကုန် ဈေးနှုန်းတွေပါ တပါတည်း တက်ဈေးတွေ ဖြစ်လာပြီး သြဂုတ်  ၁ ရက်နေ့မှာတော့ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးဖြစ်တဲ့ မြို့တွင်းသယ်ယူပို့ဆောင်ရေးယာဉ်စီးခတွေပါ ဆက်လက် မြင့်တက်လာတာပါ။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013