DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
August 2, 2022
သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မင်းလွင်ကျေးရွာအုပ်စု၊ ထီးညာလူကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ကေအန်ယူ  တပ်မဟာ(၁) သထုံခရိုင်က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် မနက် ၈ နာရီအချိန်လောက်မှာ စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ပိန္နဲတောစခန်းကနေ ထီးညာလူကျေးရွာထဲကို လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထီးညာလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲပြီးနောက် အသက် ၄၈  နှစ်အရွယ်ရှိ နော်ကပေါ်ထူး သေဆုံးခဲ့ရပြီး သမီးဖြစ်သူ နော်ထွေးထွေးအေးနဲ့ တီးအောင်ဇေယျတို့  လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

လက်နက်ကြီး ထိမှန်ခဲ့တဲ့ နော်ထွေးထွေးအေးမှာ အသက် ၁၅  နှစ်သာရှိသေးပြီး ဘယ်ခြေနဲ့ ဘယ်လက်တို့မှာ ဒဏ်ရာရရှိခဲ့ကာ အသက် ၆၆ နှစ်အရွယ် တီးအောင်ဇေယျကလည်း လက်နက်ကြီးစထိမှန်ခဲ့တဲ့အတွက် အသက် အန္တရာယ်စိုးရိမ်နေရပြီး လက်ရှိမှာတော့ သထုံမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေပေါတယ်။

ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုအပေါ် လက်မခံနိုင်ကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်မှုတွေ ရပ်တန့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်း ပစ်ခတ်နေတာကြောင့် ထုံးဘိုလေးကျေးရွာနဲ့ အနီးတစ်ဝိုက်က ဒေသခံ ပြည်သူ  ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013