DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီက ၃ ကြိမ် လာရောက်ပစ်ခတ်
DVB
·
August 2, 2022
ညောင်လေးပင်ခရိုင်တွင် ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီက ၃ ကြိမ် လာရောက်ပစ်ခတ်
Donate to DVB

ကေအန်ယူစီမံအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို ဇူလိုင် ၂၉ ရက် မနက် ၉ နာရီလောက်က  စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းက သောတူဒေး၊ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခိုကျေးရွာ ၃ ရွာကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး အသက်အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီ‌ကျော်လောက်က လေကြောင်းကနေ မနက်ပိုင်းက ပစ်ခတ်ခဲ့တဲ့ ကျေးရွာတွေကို လေယာဉ်တွေနဲ့ ထပ်မံထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူ၊ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ၂၀၂၂ ခုနှစ်၊ မေလမှစတင်ပြီး ဒီကနေ့အထိ ကျေးရွာတွေအတွင်းကို ဒရုန်း ၅ လုံး၊ လက်နက်ကြီး ၁၂၃ လုံး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၉ ဦးရှိပြီး၊ လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ စုစုပေါင်း ၁၂ ဦးရှိကာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၃၄ ဦးရှိပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၁၆၀၃၆ ဦးရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ပြေးရှောင်ပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ စစ်ဘေးရှောင် အရေးကူညီပေးနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013