DVB Logo
Home
မြန်မာသတင်း
၁၈ လအတွင်း အကြိမ်ပေါင်း ၁၅,၀၀၀ ခန့် မိုင်းခွဲတိုက်ခိုက်မီးရှို့ခံရဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
DVB
·
August 1, 2022
၁၈ လအတွင်း အကြိမ်ပေါင်း ၁၅,၀၀၀ ခန့် မိုင်းခွဲတိုက်ခိုက်မီးရှို့ခံရဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
Donate to DVB

အာဏာသိမ်းပြီးတဲ့အချိန်ကနေ ၁၈ လအတွင်း အကြိမ်ပေါင်း ၁၅၀၀၀ လောက် မိုင်းခွဲတိုက်ခိုက် မီးရှို့ခံခဲ့ရတယ်လို့ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

မနေ့ကလုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြည်သူ့အာဏာကို မတရားသိမ်းယူထားတဲ့ ကာလတိုးမြှင့်ဖို့အတွက် အကြောင်းပြချက်တခုအဖြစ် ထည့်သွင်းပြောဆိုခဲ့တာပါ။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ တနိုင်ငံလုံးမှာ လက်ပစ်ဗုံး လက်လုပ်ဗုံးပစ်ခံရတာ၊ မိုင်းခွဲခံရတာက ၇၂၄၆ ကြိမ်၊ တိုက်ခိုက် သတ်ဖြတ်ခံရတာ ၆၅၆၇ ကြိမ်၊ မီးရှို့ခံရတာ ၁၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄၉၀၇ ကြိမ် ဖြစ်ခဲ့တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူတွေအပါအဝင် အရပ်သား ၃၄၈၃ ယောက် သေဆုံး၊ ၃၀၆၅ ယောက် ဒဏ်ရာရပြီး ၄၁ ယောက်က ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခံရတာဟာ စစ်ကိုင်းတိုင်းမှာ ၄၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းမှာ ၂၁၉၄ ကြိမ်နဲ့ မကွေးတိုင်းမှာ ၁၃၉၅ ကြိမ်နဲ့ အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပြီး အဲဒီ‌ဒေသတွေမှာ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရအောင် ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်၊ ပြည်သူ့ရပ်ရွာအိုးအိမ်တွေကို ဖျက်ဆီးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောပါတယ်။

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းတဲ့ ၁၈ လအတွင်း သူ့ကြောင့် ဖြစ်လာခဲ့တဲ့ တိုင်းပြည် ယိုယွင်းပျက်စီးဆုတ်ယုတ်တဲ့အကြောင်းတွေကို တခြားသူတွေက ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုပြီး အာဏာသိမ်းသက်တမ်းကို ထပ်တိုးဖို့ စစ်တပ်ဦးဆောင်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီအစည်းအဝေးမှာတောင်းဆိုပြီး အဲဒီအစည်းအဝေးကလည်း နောက်ထပ် ၆ လ တိုးပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013