DVB Logo
Home
မြန်မာသတင်း
မောင်းမကန်တွင် ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးခံရ
DVB
·
July 31, 2022
မောင်းမကန်တွင် ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်စံပြကျေးရွာ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၃၀ ရက်နေ့မှာ ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ မနက်ပိုင်းမှာ ဦးရွှေသောင်းဖေ အဖမ်းခံခဲ့ရပြီးနောက် ညနေ ၆ နာရီလောက်မှာ ကိုဇော်ကြီးဆိုသူကို စစ်ကောင်စီက ထပ်မံလာရောက်ဖမ်းဆီးသွားတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက မောင်းမကန်ကျေးရွာမှာ အသက်မပြည်သေးတဲ့ ၁၆ နှစ်အရွယ် မစုပြည့်အောင် အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဖမ်းဆီးခံရသူ ၈ ဦးအနက် ဒေါ်တရုတ်မကတော့‌ သားဖြစ်သူအားမတွေ့တာကြောင့် ဓားစာခံအနေနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒေါ်စန်းမြင့်ဆိုသူကတော့ လူမှားအဖမ်းခံရတဲ့အတွက် နောက်ရက်မနက် ပြန်လွတ်လာတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို မောင်းမကန်နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မောင်းမကန်ရွာမှာ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁ နာရီလောက်ကလည်း မောင်းမကန်နယ်မြေရဲစခန်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဦးဇော်ဝင်း ဆိုသူအား PDF ကို ထောက်ပံ့တယ်ဆိုပြီး နေအိမ်မှာ­  ပစ်သတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013