DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ကောက်စိုက်ပြီး ကျည်ဆန်ဖိုးရှာနေ
DVB
·
July 30, 2022
မကွေးတိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ ကောက်စိုက်ပြီး ကျည်ဆန်ဖိုးရှာနေ
Donate to DVB

မကွေးတိုင်းအတွင်းမှာ တော်လှန်ရေးအတွက် ကောက်စိုက်ပြီး ကျည်ဆန်ဖိုး ရှာဖွေနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

တောင်သူလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့  စစ်ကောင်စီ စစ်ကြောင်းတွေကို ရှောင်နေရလို့ လုပ်ငန်းအတွက် အနှောက်ယှက်တွေ ဖြစ်ပေါ်ပြီး စိုက်ပျိုးချိန်ရောက်နေပြီဖြစ်ပေမဲ့  မစိုက်လိုက်ရတာတွေ ရှိတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့က ကောက်စိုက်တယ်ဆိုတာ တောင်သူလယ်သမားတွေကို အကူညီပေးဖို့အဓိကပါ။ ကျနော်တို့တပ်ဖွဲ့က ရဲမေတွေက ပြည်သူတွေကို အကူညီပေးပြီး သူတို့ဆီက ကျည်ဆန် တတောင့်ဖိုးပဲ ပြန်လှူလှူဆိုပြီး တင်ပြလာလို့ ခေါင်းဆောင်တွေက ခွင့်ပြုပေးခဲ့ကြတာ။ ကျနော်တို့က တောင်သူတွေဆီကနေ ဘယ်လောက်ရပါစေဆိုပြီး မျော်မှန်းပြီးလုပ်တာ မရှိဘူး။ တချို့တောင်သူတွေက တန်ရာတန်ကြေးထက်ပိုပြီး ထောက်ပံ့လှူဒါန်းပေးကြလို့ ကျနာ်တို့ ရဲမေတွေရဲ့ လုပ်အားထက်တောင်ပိုးပြီးတော့ ရနေတယ်။”

တောင်သူတွေအနေနဲ့ ရေရတဲ့အပေါ်မှာ မူတည်ပြီးစိုက်ရတာမျိုးမဟုတ်ဘဲ စစ်ဘေးမရှိတဲ့အချိန်မှာ စိုက်ရတာဖြစ်လို့ အချိန်မတန်ဘဲ စိုက်လိုက်ရတာရှိသလို အချိန်ကျော်ပြီးမှ စိုက်ရတာတွေရှိလို့ဆိုပါတယ်။

ထီးလင်းမြို့နယ် အောင်းကျေးရွာမှာတော့ စစ်ကောင်စီတပ်စခန်းနဲ့နီးတဲ့ ရွှေအောင်သာရွာဘက်က လယ်တွေ၊ ယာတွေ ဆိုရင် ဘယ်သူမှ မလုပ်ကြရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးမှာပါဝင်နေတဲ့ ရဲမေလေးတွေဟာလည်း အရင်က သူအိမ်မှာ ကိုက်စိုက်ခိုင်းရင်တောင် အလှပျက်မှာစိုးလို့ မစိုက်ကြတာရှိပေမဲ့ အခုတော့ တော်လှန်ရေးတပ်ဖွဲ့အတွက် ကျည်ဆန်  ငါးတောင့်ဖိုး၊ ဆယ် တောင့်ဖိုးပဲရရဖိုပြီး အလှပတွေကိုခေါင်းထဲ မထည့်ဘဲ လုပ်တာတွေ့ရတော့ ပီတိဖြစ်ရသလို ဝမ်းလည်းနည်းရတယ်လို့ သခင်ဇော်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တချို့ပြည်သူတွေ ချမ်းသာတဲ သူဌေးတွေ အများကြီးရှိနေပြီး ဒီလိုရဲမေတွေကို ကြည့်ပြီး သူတို့မှာရှိတဲ့ စည်းစိမ်ထဲက ဘယ်လောက်လေးဖြစ်ဖြစ် ဘယ်တော်လှန်ရေး အင်အားစုကိုဖြစ်ဖြစ် ပါဝင်ထောက်ပံ့စေလိုတယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့ အမျှ အလှူငွေတွေနဲ့ပဲ ရေရှည် ရပ်တည်လို့မရတော့လို့ ပခုက္ကူ-PDF အနေနဲ့ မူဝါဒတစ်ခုချမှတ်ပြီး တပ်တွင်းရိက္ခာ ဖူလုံဖို့နဲ့ ရန်ပုံငွေရရှိလာအောင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ​ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ရဲ့တာဝန်ခံကလည်း ပြောပါတယ်။

ရဲဘော်တွေအနေနဲ့လည်း အမြဲတမ်းတိုက်ပွဲတိုက်နေရတာမဟုတ်တော့ PPDF စိုးမိုးနယ်မြေထဲက ကျေးရွာတွေက လှူထားတဲ့ လယ်၊ယာမြေတွေမှာ စိုက်ပျိုးနေတာဖြစ်ပြီး ၅ ဧကလောက်ကို စတင်စိုက်ပျိုးနေပြီ။ စပါး၊ငရုပ်၊ခရမ်းချည်သီး၊ ခရမ်းသီးနဲ့ ရာသီပေါ်သီးနှံတွေစိုက်ပျိုးထားပြီး ဝက်အကောင်ရေ ၃၀ လောက်ကို စတင်မွေးမြူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရရှိလာတဲ့ဝင်ငွေတွေကို အဓိက တပ်ဖွဲ့အတွက် ရိက္ခာနဲ့ ဒေသခံစစ်ဘေးရှောင်တွေရဲ့ လူကယ်ပြန် ကဏ္ဍတွေမှာ သုံးစွဲဖို့လျာထားတယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရေရှည်မှာ ခက်ခဲလာကြလို့ ပြည်သူလှူဒါန်းတဲ့ငွေတွေကို လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက်ပဲ အသုံးပြုမှာပါလို့  PPDF ရဲ့တာဝန်ခံက ပြောပါတယ်။

ပခုက္ကူမြို့နယ် ယောချောင်းဘေးက ကျေးရွာ ၇ ရွာလောက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလို့ ၅၀ ရာခိုင်နှုန်းလောက်သာ သီးနှံစိုက်ပျိုးနိုင်ပြီး ပေါက်မြို့နယ်ဘက်က ကျေး ရွာတွေမှာတော့ သီးနှံမစိုက်ပျိုးနိုင်သူတွေ များပြားတယ်လို့  PPDF က ဆိုပါတယ်

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ  ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း  နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013