DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့နယ်၌ ဒေသခံရွာသား ၁၃ ဦး ဖမ်းဆီးခံရ ၊ ပညစ်ရွာဆရာတော်၏ ယာဉ်မောင်း ပြန်လွတ်
DVB
·
July 30, 2022
လောင်းလုံးမြို့နယ်၌ ဒေသခံရွာသား  ၁၃ ဦး ဖမ်းဆီးခံရ ၊ ပညစ်ရွာဆရာတော်၏ ယာဉ်မောင်း ပြန်လွတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျေးရွာတချို့မှာ  ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီက  ဒေသခံ အရပ်သား  ၁‌၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လတ်တလော အတည်ပြုလို့ရတာတော့ မောင်းမကန်ရွာက ၄ ဦး၊ ဟင်းချိုတောနဲ့ သပြေရှောင်က ၆ ဦး အောက်ရေဖြူက ၃ ဦးပေါ့” 

အခုလို ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသမီး ၅ ယောက်နဲ့‌ ကျူရှင်ဘော်ဒါဆောင်ပိုင်ရှင် ကျောင်းဆရာ တစ်ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာ မသိရပေမဲ့ ဖမ်းဆီးခံထားရသူတွေကို  လောင်းလုံးမြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသား ၂ ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး ရဲစခန်းက ခေါ်ခိုင်းတယ်လို့ဆိုကာ သေနတ်ပြခြိမ်းခြောက်ပြီး ခေါ်သွားတဲ့ ပညစ်ရွာသား ဦးစိုးမင်းကတော့ အခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရွာခံတွေထံက သိရပါတယ်။

လောင်းလုံးမြို့နယ်၊ ပညစ်ရွာ ကျောင်းထိုင်ဆရာတော်ရဲ့ ယာဉ်မောင်း ဦးမဲမဲကတော့ ဇူလိုင် ၂၈ ရက်က ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

ဦးမဲမဲဟာ ဇူလိုင် ၂၄ ရက်က ဆရာတော်နဲ့အတူ လောင်းလုံးမြို့ပေါ်အလှူအိမ်သွားစဉ် လမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တွေ့လို့ အဖမ်းခံခဲ့ရတာပါ။

စဖမ်းတဲ့နေ့က ပညစ်ရွာခံ စုစုပေါင်း ၁၂ ယောက် အဖမ်းခံခဲ့ရပြီး ကျန်သူတွေကို  ညဦးဘက်မှာ ပြန်လွှတ် ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးမဲမဲမှာ လောင်းလုံးမြို့မရဲစခန်းမှာ ၄ ရက်တာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။

ဇူလိုင် ၂၂ ရက်ကတည်းက လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးပြီး PDF စခန်းတွေကို  တောနင်းရှာဖွေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013