DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
DVB
·
July 29, 2022
ဘုတလင်မြို့မရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းကို ဇူလိုင် ၂၇ ရက် ည ၈ နာရီက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခံရပြီးနောက် စစ်ကောင်စီဘက်က ဘုတလင် ပြည်သူ့ဆေးရုံဘက်ကို ကားတစီးနဲ့ ဆေးကုသဖို့သွားတာ တွေ့ခဲ့ရပြီး ထိခိုက်မှုအ‌ရေအတွက် အတိအကျတော့ မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်ဒေသခံတယောက်က ပြောပါတယ်။

“ပစ်တာကတော့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေရော နှစ်ဖက်ပစ်ကြတယ်။ ကိုယ်တွေကတော့ အိမ်ထဲက လုံခြုံတဲ့နေရာကနေ ချောင်းကြည့်မိတယ်။ ကားတစီးကတော့ ဘုတလင်ဆေးရုံဘက် မောင်းထွက်သွားတာ မြင်လိုက်တယ်။ နောက်တော့ လက်နက်ကိုယ်စီနဲ့ ထပ်ထွက်လာတာ မြင်လိုက်ရတယ်။ ခဏနေတော့ ပစ်သံခတ်သံတွေ ငြိမ်သွားတယ်။”

အခုလို ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ကတော့ ဘုတလင်မြို့ပေါ် နေရာတချို့မှာ လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကူတော်ရဲစခန်း ဝင်ရောက်စီးနင်းမှုကို ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကေအိုင်အေတပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

အခုပစ်ခတ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကျအဆုံး အထိအခိုက် မရှိခဲ့ဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဘုတလင် ‌ကနောင်အဖွဲ့ခေါင်းဆောင်က “သူတို့ဘက်က ပြန်ပစ်တာတွေလည်း ရှိတယ်ဗျ၊ လက်နက်ကြီးတွေ ပြန်ပစ်တာတွေလည်း စ(--)တွေဘက်ကလည်း ရှိတယ်။ ကျနော်တို့အတွေ့အကြုံအရ စ(--)တွေ ကျနော်တို့ကို အခုလို လက်နက်ကြီးနဲ့ ပြန်ပစ်တာဟာ သူတို့ဘက်က အကျအဆုံးများလို့ ပစ်တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောက်စီတပ်တွေကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်း ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လေယာဉ်တွေနဲ့ပါ ပစ်ခတ်နေပေမဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ရရာလက်နက်နဲ့ ခုခံစစ်တွေ ပြုလုပ်နေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ဇူလိုင်လအတွင်း တိုက်ပွဲတွေ အများအပြား ဖြစ်နေတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေပါ တနေ့တခြား အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013