DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦးအရှင်ဖမ်းမိ
DVB
·
July 28, 2022
အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၁ ဦးအရှင်ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ  ကေအိုင်အေနဲ့ PDF အဖွဲ့ကပစ်ခတ်လို့  စစ်ကောင်စီတပ်က တပ်ကြပ် တယောက် သေဆုံးပြီး တပ်သား တယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ကပြောပါတယ်။

မော်လူးမြို့နဲ့ နဘားရွာကြားက ကေတီဗွီဆိုင်တဆိုင်မှာ သောက်စားမူးယစ်ပြီး မတရားသဖြင့် ငွေ‌တောင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ယောက်ကို  ကေအိုင်အေနဲ့ PDF အဖွဲ့က ဇူလိုင် ၂၇ ရက် နေ့လယ် ၂ နာရီလောက်မှာ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အင်းတော်တော်လှန်ရေးတပ်ဖွဲ့ IR တာဝန်ရှိသူတစ်ဦးက  “တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၄၁၆ က တပ်သား ချမ်းအေးနဲ့ တပ်ကြပ် ကျော်သူရတို့ကို ကေအိုင်အေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ တပ်သားချမ်းအေးကို အရှင်ဖမ်းမိပြီး တပ်ကြပ်အဆင့်ရှိသူ ကျော်သူရကတော့ သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာလည်း  မော်လူးရဲစခန်းကနေ အင်းတော်ဘက်အဆင်းမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ကို  KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ချောဆွဲလာတဲ့ ကားတစ်စီးပျက်စီးသွားတယ်လို့လည်း  Indaw Revolution-IR အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013