
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဝူယန်လီဆူ ပြည်သူ့စစ်စခန်းတခု စီးနင်း တိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ဝိုင်းမော်မြို့တွင်းရှိ မီးပွိုင့်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေနဲ့ ရဲတွေက ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတဦးက “စစ်သားနဲ့ ရဲတွေ ၁၀ ယောက်ကျော်လောက်ရှိမယ်၊ လမ်းသွားလမ်းလာတွေကို စစ်နေတာ။ ဖုန်းတွေစစ်တယ်၊ ဆိုင်ကယ်စီးလာတဲ့သူတွေကိုလည်း စစ်တယ်” လို့ ပြောပါတယ်။
ဒီနေ့မနက် ၂ နာရီဝန်းကျင်က ဝူယန်လီဆူပြည်သူ့စစ်စခန်းကို ကေအိုင်အေ၊ PDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ့စစ်ဘက်က ၆ ယောက်လောက် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။