DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် NGO များအား ရိက္ခာထောက်ပံ့သယ်ယူမှု ကန့်သတ်
DVB
·
July 28, 2022
မောင်တောမြောက်ပိုင်းတွင် NGO များအား ရိက္ခာထောက်ပံ့သယ်ယူမှု ကန့်သတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ  INGO, NGO အဖွဲ့တွေကို  ဇူလိုင် ၂၈ ရက် ဒီနေ့မှာ ပြန်လည် သွားလာခွင့်ပြုလိုက်ပေမဲ့ ရိက္ခာထောက်ပံ့သယ်ယူမှု ကန့်သတ်ထားဆဲဖြစ်တယ်လို့  သက်ဆိုင်ရာ INGO၊ NGO အဖွဲ့အစည်းတွေထံက သိရပါတယ်။

မောင်တောမြောက်ပိုင်းဒေသတွေကို ရိက္ခာထောက်ပံ့နေတဲ့ INGO အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့က ဝေးလံပြီး သွားလာရခက်တဲ့ မောင်တောမြောက်ပိုင်းဒေသက ကျေးရွာတွေကို အိမ်ထောင်စုလိုက် စားနပ်ရိက္ခာတွေကို နှစ်လစာပေါင်းပြီး ထောက်ပံ့ရတာတွေရှိတယ်။ အခုက ရိက္ခာကို ၁၀ ရက်စာထက် ပိုမသယ်ယူရဆိုပြီး ကျီးကန်းပြင် စစ်ဆေးရေးဂိတ်ကတားဆီးထားတော့ ရိက္ခာထောက်ပံ့တဲ့ လုပ်ငန်းစဥ်က ဘယ်လိုမှ အဆင်ပြေပြေ​ လုပ်ဆောင်နိုင်တော့မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် INGO, NGO အဖွဲ့တွေက ကျေးရွာအိမ်ထောင်စုတွေအလိုက် စားနပ်ရိက္ခာတွေကို တလတကြိမ် ထောက်ပံ့နေကြတာပါ။

ခရီးဝေးလံပြီး သွားလာရခက်ခဲတဲ့ ကျေးရွာတွေကိုတော့ နှစ်လစာ စုပေါင်းပြီး ထောက်ပံ့နေကြရတာဖြစ်တာဖြစ်ပြီး အခုလို ကန့်သတ်လိုက်တာကြောင့် အကြိမ်အရေအတွက်များစွာ သွားလာထောက်ပံ့ရမှာဖြစ်လို့  အခက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။

မောင်တောမြောက်ပိုင်းကို ပြေးဆွဲနေတဲ့ ကားသမားတဦးကတော့ “ဒီနေ့မနက်ကစပြီး မြောက်ပိုင်းကို သွားလာခွင့် စပြုတယ်။ လိုင်စင်ရှိတဲ့ကားမှ ခွင့်ပြုတာ။ နောက်ပြီး စားနပ်ရိက္ခာတွေကို ကန့်သတ်ထားတယ်။ ကားတစီးမှာ ဆန်တအိတ်၊ ဆီတဘူး၊ အရက်တဖာ အဲ့ဒါထက်ပိုယူခွင့်မပြုဘူး” လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ ဇူလိုင် ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ အစည်းအဝေးမှာ မောင်တောမြို့နယ်မြောက်ပိုင်းကို ယူအန်အဖွဲ့အစည်းတွေ အပါအဝင် NGO၊ INGO အဖွဲ့တွေကို သွားလာခွင့် ယာယီရပ်တန့်ထားခဲ့တာပါ။

ဇူလိုင် ၁၈ ရက်မှာတော့ မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီးမှာ စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မောင်တောမြောက်ပိုင်းကို သွားလာခွင့် လုံးဝပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013