DVB Logo
Home
မြန်မာသတင်း
ဖျာပုံတွင် ပေါက်ကွဲ၊ စစ်ကောင်စီတပ်ကအရာရှိအပါအဝင် ၄ ဦး ဒဏ်ရာရရှိ
DVB
·
July 28, 2022
ဖျာပုံတွင် ပေါက်ကွဲ၊ စစ်ကောင်စီတပ်ကအရာရှိအပါအဝင် ၄ ဦး ဒဏ်ရာရရှိ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက စစ်ဆေးရေးဂိတ်နဲ့ ရွှေရတုရိပ်သာ အနီးမှာ  မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိအပါအဝင် လေးယောက်လောက် ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ချောင်းတွင်းတံတားအဆင်းက မြို့အဝင်စစ်ဆေးရေးဂိတ်မှာ မနက် ၁၀ နာရီလောက်က မိုင်း တလုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ရွှေရတုရိပ်သာနားမှာ မနက်  ၁၁ နာရီခွဲလောက်က ထပ်မံပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒီမနက်ပိုင်းဖြစ်သွားတာ၊ ဒေသခံတွေလည်း သိပ်အပြင်မထွက်ရဲတော့ဘူး။ လောလောဆယ်တော့ မြို့မှာ စစ်ဆေးတာတွေ နေရာတော်တော်များများမှာ လုပ်နေတယ်။ စစ်ကောင်စီဘက်က ထိသွားတာတွေလည်း ရှိတယ် ကြားတယ်” လို့ ပြောပါတယ်။

မိုင်းဖောက်ခွဲမှုနေရာကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် လေးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ Black Dragon Force Pyapon က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ မိုင်းခွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က ဗိုလ်တယောက်နဲ့  ရဲ သုံးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ Black Dragon Force Pyapon  သတင်းထုတ်ပြန်ထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဟင်္သာတမြို့မှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ဗုံးကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲစခန်းထဲ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013