DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် CDM ကျောင်းဆရာမအပါအဝင် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ
DVB
·
July 28, 2022
ကလေးမြို့တွင် CDM ကျောင်းဆရာမအပါအဝင် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက် (ယခင်ဘဲအင်းရပ်ကွက်)မှာ နေထိုင်တဲ့ ဒေသခံ လေးယောက်ကို  PDF နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး  စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူ  လေးယောက်ထဲမှာ အမျိုးသား နှစ်ယောက်နဲ့  အမျိုးသမီး နှစ်ယောက်ပါဝင်ပြီး အမျိးသမီး တယောက်ကတော့ CDM ကျောင်းဆရာမ ဖြစ်ပါတယ်။ 

အောင်မင်္ဂလာရပ်ကွက်နေ ပြည်သူတဦးက "စစ်သားတွေက ဒေသခံ အိမ်နှစ်အိမ်ကို  နှစ်ရက်ဆက်ဝင်ရှာတာ၊ ပထမရက်မှာ သုံးယောက်ဖမ်းသွားတာ။ ဒုတိယရက်မှာ တယောက်ဖမ်းသွားတာ။ ဖမ်းဆီးခံရတဲ့နေအိမ်က စက်ဘီး၊ ဆန်၊ ဆီ စတဲ့ အိမ်တွင်းပစ္စည်းတွေကိုပါ သယ်ဆောင်သွားကြတာ။ ဖမ်းခံရတဲ့ထဲက လူငယ်တွေကို နေအိမ်မှာတင် ရိုက်နှက်တဲ့ အသံကြားရတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ CDM ကျောင်းဆရာမ တယောက်ပါဝင်တယ်။"လို့ ပြောပါတယ်။

အဆိုပါရပ်ကွက်မှာ စစ်ကောင်စီကို သတင်းပေးတဲ့သူတွေရှိနေတာကြောင့် ဒေသခံတွေအ ခုလိုမကြာခဏ ဖမ်းဆီးခံနေရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို ကလေးမြို့(ဒကစ)တပ်ထဲကို  ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၅ ရက်ကလည်း ကလေးမြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) အနီး စွမ်းအားဖုန်းပြင်ဆိုင်က ဖုန်းပြင် သင်တန်းတက်နေတဲ့ လူငယ် ငါးယောက်ကို  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ အယောက် ၅၀၀‌ ကျော်ရှိ‌ပြီး ပစ်ခတ်သတ်ဖြတ်ခံရသူ အယောက် ၁၀၀ ကျော် ရှိပြီလို့ ဒေသခံ သပိတ်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013