DVB Logo
Home
မြန်မာသတင်း
ရေစ​ကြိုမြို့ GTC ကျောင်းအနီး စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
July 28, 2022
ရေစ​ကြိုမြို့ GTC ကျောင်းအနီး စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးမှာ ဇူလိုင် ၂၇ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်က GTC နည်းပညာကျောင်းအနီးမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတဦး သေဆုံးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ ဖောက်ခွဲရေးတာဝန်ခံ ကို zero က ပြောပါတယ်။ 

GTC နည်းပညာကျောင်းအနီးမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကိုက် ၁၀၀ ဝန်းကျင်မှာ မိုင်းဆင်ထားတဲ့ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး စစ်သားတဦးက အဆိုပါဆိုင်ကယ်ကို စစ်ဆေးရေးဂိတ်ထဲကို ယူဆောင်သွားပြီးနောက် ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ 

“ဆိုင်ကယ်တူးဘောက်ကို လှပ်လိုက်တာနဲ့ ပေါက်ကွဲအောင် မိုင်းဆင်ထားခဲ့တာပါ၊ ဆိုင်ကယ်တူးဘောက်ကို ဖွင့်လိုက်တဲ့ စစ်သားက နေရာတင် အသားစတွေလွင့်သွားတာ၊ အနီးအနားက ၅ ယောက်လောက် ထိတယ်။ ဆိုင်ကယ်နဲ့ မိုင်းဖိုးရောဆို ၁၀ နားလောက် ကပ်သွားတာ၊ ဆက်လုပ်ဖို့ လက်နက်ခဲယမ်းဖိုး လိုအပ်နေပါတယ်” လို့ ဖောက်ခွဲရေးတာဝန်ခံကို Zero ကပြောပါတယ်။ 

GTC နည်းပညာကျောင်းအနီးက စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ချိန် ခရီးသည်တင် Express ကားတစီးကို မိုင်းထိမှန်ခဲ့တာကြောင့် တောင်းပန်ကြောင်း Yesagyo Revolution Group က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ဖောက်ခွဲမှုကို ကြိုးမိန့်ပေးခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် သွေးကြွေးရယူပေးတာလို့ ပြောပါတယ်။

Yesagyo Revolution Group နဲ့ မဟာမိတ်ညီနောင်အဖွဲ့များ Urban Underground Revolution Force -UURF / Shwe Nyar Myae - PDF နဲ့  Zarmani Blood Guerilla Army - Myaing အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013