DVB Logo
Home
မြန်မာသတင်း
မိုးဗြဲအင်းအရှေ့ခြမ်းက နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
DVB
·
July 27, 2022
မိုးဗြဲအင်းအရှေ့ခြမ်းက နေအိမ် ၁၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
1 / 3
Donate to DVB

စစ်ကောင်စီတပ်ရဲ့ မြေလှန်ဖျက်ဆီးတဲ့ စစ်ဆင်ရေးကြောင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအင်း အရှေ့ဘက်ခြမ်း ကျေးရွာတွေက နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၄၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် မိုးဗြဲအင်းအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က မြေလှန်ဖျက်ဆီးတဲ့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီး နေအိမ် ၁၀၀ ကျော် ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မေ ၁၂ ရက်နေ့က ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညောင်ရွေမြို့တောင်ဘက် မိုးဗြဲညောင်ရွှေလမ်းမကြီးပေါ်ရှိ စစ်ကောင်စီနဲ့ ပအိုးဝ်ပြည်သူစစ်တို့ ပူးတွဲစခန်းချတဲ့ ထီရီးကျေးရွာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ခမရ ၄၂၂ တပ်နဲ့ PNO တပ်တွေဟာ ဖယ်ခုံမြို့ မိုးဗြဲအင်းအရှေ့ခြမ်းရှိ လွယ်ပေါ်ကျေးရွာအုပ်စုအတွင်း တပ်ဖြန့်ခဲ့တာလို့ ဆိုပါတယ်။

တပ်ဖြန့်ချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေ ၁၅ ရက်နေ့မှာ‌တော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် လွယ်ပေါကျေးရွာအုပ်စုက ပြည်သူ ၄၀၀၀ ကျော် နေရာအနှံ့ ပြန့်ကျဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မေ ၁၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်မ ၆၆ က လွယ်ပေါ်ကျေးရွာအပါအဝင် မိုးဗြဲ-ညောင်ရွှေလမ်းတလျှောက် ဖြန့်ကျက်ခြံရံပြီး အဆိုပါ နေ့ညနေမှာပဲ ဆောင်နန်းခဲကျေးရွာကို တိုက်ပွဲမရှိဘဲ မီးရှိုဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

“နေအိမ်များကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြခြင်းဖြစ်တယ်။ နောက်နေ့မနက်မှာ ကျေးရွာအတွင်း ရှိနေအိမ် ၄၀ ကျော်သည် မီးလောင်ပျက်စီးသွားသည်။ ”

ဒါ့အပြင် စစ်ကောင်စီတပ်တွေက လွယ်ပေါ်ကျေးရွာအုပ်စုထဲက နန်းပေါ်လုံ၊ နန်းဆွန့်၊ မခေခမ်း၊ လဟယ် အစရှိတဲ့ ကျေးရွာတွေကိုလည်း ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လွယ်ပေါကျေးရွာအုပ်စုအတွင်း ဆက်လက်စခန်းချနေထိုင်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မွှေနှောက်လုယက်ခဲ့ကြသလို မြေမြှုပ်မိုင်းတွေထောင်ထားတာ၊ လမ်းသွားလမ်းလာပြည်သူတွေကို ရမ်းသန်းပစ်ခတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်တဲ့အတွက် ကျေးရွာသူကျေးရွာသားတွေဟာ အိမ်မပြန်ရဲဘဲ ကြောက်ရွံ့နေကြရတယ်လို့ ဆိုပါတယ်။

ဘွယ်ပေါကျေးရွာအုပ်စုမှာ နေထိုင်သူအများစုဟာ ရှမ်းလူမျိုးတွေဖြစ်ပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဆန်၊ ပြောင်း စိုက်ပျိုးတာတွေကို အခုနှစ်တိုက်ပွဲကြောင့် လုပ်ကိုင်နိုင်ခြင်းမရှိကြဘူးလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013