DVB Logo
Home
နိုင်ငံတကာ
ကုလအတွင်းရေးမှူးချုပ်အဖြစ် အမျိုးသမီး ၁ ဦးကို ဆက်ခံစေလိုဟု စပိန်ဝန်ကြီးချုပ်ပြော
DVB
·
September 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရာထူးကနေ အနားယူရတော့မဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ နေရာမှာ လက်တင်အမေရိကနိုင်ငံက အမျိုးသမီးတယောက်ကို ဆက်ခံစေလိုတယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။

ဆန်းချက်ဇ်က “ကုလသမဂ္ဂရဲ့ နှစ် ၈၀ သမိုင်းမှာ အတွင်းရေးမှူးချုပ်ရာထူးကို အမျိုးသား ၉ ဦးကပဲ တာဝန်ယူခဲ့ဖူးပါတယ်။ လူသားအားလုံးကို ကိုယ်စားပြုပါတယ်ဆိုတဲ့ အဖွဲ့အစည်းမှာ ဒီနေ့အထိ အမျိုးသမီး အကြီးအကဲ တယောက်မှ မရှိခဲ့တာရယ်၊ ဒါ့အပြင် လူဦးရေ တတိယအများဆုံးဖြစ်တဲ့ လက်တင်အမေရိကတိုက်က နှစ် ၃၀ ကျော်အထိ ဒီရာထူးကို မရတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒါကြောင့် အခုအချိန်ဟာ လက်တင်အမေရိကဒေသက အမျိုးသမီးတဦး တာဝန်ထမ်းဆောင်ရမဲ့ အချိန်ပါပဲ” လို့ ပြောပါတယ်။

“ဒါဟာ ကျနော်တို့ဆပ်ရမဲ့ သမိုင်းဝင် ကြွေးမြီတခုပါ။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးတွေ တိုက်ခိုက်ခံနေရပြီး အမျိုးသမီးအပေါ် နှိမ့်ချမှုနဲ့ အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ ဒီနေ့ခေတ်မှာ ဒီကတိကဝတ်ကို ပိုပြီး ခိုင်ခိုင်မာမာ ပြသရပါမယ်” လို့လည်း ဆန်းချက်ဇ်က ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၂ ကြိမ် တာဝန်ယူပြီးနောက် ဒီနှစ်ကုန်မှာ ရာထူးကနေ အနားယူရတော့မဲ့ ဂူတာရက်စ်ရဲ့ နေရာကို ဆက်ခံဖို့ မဲဆန္ဒခံယူပွဲမှာ အဓိကယှဉ်ပြိုင်မဲ့သူ ၈ ယောက်အထိ ရှိနေပါတယ်။

ဆန်းချက်ဇ်ဟာ NATO ရဲ့ စစ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲရမယ်ဆိုတဲ့ ပစ်မှတ်ကို သူတို့အစိုးရက လိုက်နာဖို့ ငြင်းဆန်ခဲ့တာကိုလည်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013