DVB Logo
Home
မြန်မာသတင်း
“ကြယ်တွေကြွေနေတယ်' သရုပ်ဖော် အနုပညာလှုပ်ရှားမှု ချင်းမိုင်မြို့တွင် ပြုလုပ်
DVB
·
July 26, 2022
“ကြယ်တွေကြွေနေတယ်' သရုပ်ဖော် အနုပညာလှုပ်ရှားမှု ချင်းမိုင်မြို့တွင် ပြုလုပ်
1 / 9
Donate to DVB

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အညတရသူရဲကောင်းတွေအတွက် ရည်ရွယ်ပြီး "ကြယ်တွေကြွေနေတယ်'လို့ အမည်ပေးထားတဲ့ Performance Art အနုပညာတင်ဆက်မှုတခုကို  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Thapae ဂိတ်မှာ ဒီနေ့ ဇူလိုင် ၂၆ ရက်က ပြုလုပ်သွားပါတယ်။

နိုင်ငံရေးလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို စစ်ကောင်စီ အကြမ်းဖက်အဖွဲ့က  ဥပဒေမဲ့ ကြိုးပေးစီရင်ခဲ့တဲ့အပေါ်  ဝမ်းနည်းကြောင်း ဖော်ပြတဲ့တအနေနဲ့ ဒီလို လှုပ်ရှားမှုပြုလုပ်ရတာလို့ အနုပညာတင်ဆက်သူက ပြောပါတယ်။

“ကျနော်တို့ ဖိနှိပ်ချုပ်ချယ်မှုတွေအများကြီးရှိတယ်။ ကျနော်တို့ ထိုင်းနိုင်ငံမှာနေပေမယ့်လည်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ တပြေးညီကျနော်တို့ နားထောင်နေတယ်။ အသံလည်း စွင့်နေတယ်။ တတ်နိုင်တဲ့ဘက်ကနေလည်း ကူညီပေးနေတယ်။ မနေ့ကဆိုရင်ပဲ ထင်ရှားတဲ့နိုင်ငံရေး သမား နှစ်ယောက်ကြိုးပေးခံရတယ်။ ဘယ်နေ့မှာ ကြိုးပေးခံရလဲဆိုတာ ကျနော်တို့ အတိအကျမသိဘူး။ သူတို့အနေနဲ့ တော်လှန်တဲ့သူ နှစ်ယောက်ပါသွားတယ်။ ကျနော်တို့ သိတာတော့ ၄ ယောက်ပါပဲ။ ဒါပေမဲ့  အဲဒီနေ့မှာ ဘယ်နှစ်ယောက် သေသွားလဲဆိုတာ ကျနော်တို့ မသိဘူး။ နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသတွေမှာ ဘယ်နှစ်ယောက်သေသွားလဲ၊ ဘယ်နှစ်ယောက် ပြေးနေရလဲ၊ ဘယ်သူတွေ ဆက်ပြီးတော့ သေဆုံးနေဦးမလဲ၊ ဘယ်သူတွေဆက်ပြီးတော့ ကြောက်ရွံနေဦးမယ်ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့ ချင်းမိုင်မှာနေပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ ညီအစ်ကိုတွေ၊ ကျနော်တို့ မိသားစုတွေ၊ သူတို့နဲ့အတူ တပြေးညီ ရပ်တည်နေတယ်ဆိုတာ ကျနော်တို့ ဒီနေ့မှာ လာပြီး ပြသခြင်းဖြစ်တယ်။”

၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခဲ့ချိန်ကစတင်ကာ လူပေါင်းများစွာ အသတ်ခံရ၊ ဖမ်းဆီးခံရပြီး၊ ကျေးရွာတွေရှိ နေအိမ်တွေ မီးရှို့ခံရကာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအခြေအနေကလည်း  ပိုမိုဆိုးရွားလာနေတယ်လို့  လှုပ်ရှားမှုပြုလုပ်တဲ့ လူငယ်တွေက ပြောပါတယ်။

လူငယ်တဦးက “ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းက စပြီးတော့ လူပေါင်းများစွာ အဖမ်းခံခဲ့ရပါတယ်။ လူပေါင်းများစွာ အသတ်ခံရတယ်။ လူပေါင်းများစွာ  ထိန်းချုပ်ခံရတယ်။ လူပေါင်းများစွာရဲ့ အိမ်တွေလည်း မီးရှို့ခံရတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး  အဘက်ဘက်က  ချို့ယွင်းနေတယ်၊ ချို့ယွင်းဆဲဖြစ်တယ်။ ပိုပြီးတော့လည်း ဆိုးဝါးစွာ ချို့ယွင်းသွားတယ်။”လို့ ပြောပါတယ်။၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပြီးနောက် ဒီနေ့ ချင်းမိုင်မြို့နဲ့ အပြင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာလည်း လူထောင်ချီဆန္ဒပြ ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013