DVB Logo
Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
July 25, 2022
ဘီးလင်းမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တွင်  စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အဝင် သံတံတားရှိ စစ်ကောင်စီဂိတ်စခန်း   ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီလောက်က  ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဂိတ်စခန်း ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူ တစ်ဦးက ပြောပေမဲ့ ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

၁၀ မိနစ်နီးပါးအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပေမဲ့  KNLA ပူးပေါင်းအဖွဲ့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီဂိတ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ထက်မနည်း စခန်းချ နေထိုင်နေတာ ဖြစ်ပြီ မကြာခဏဆိုသလို ခရီးသွားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

ဒေသခံတွေ အဆိုအရ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် ဂိတ်စခန်းအနီးက ကင်းတဲတစ်ခု မီးလောင်နေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်အဝင် သံတံတားရှိ စစ်ကောင်စီဂိတ်စခန်းကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်ကလည်း KNLA ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက် တစ်မိုင်ကျော်လောက် အကွာ ရွာသစ်ရွာမှာလည်း  ဒီ ညနေ ၅ နာရီလောက်မှာ KNLA  တပ်မဟာ ၆ တပ်ရင်း ၁၈ က စစ်ကောင်စီတပ်ဖွဲ့တွေကို ပြောက်ကျားစနစ်နဲ့  ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုဟာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်းနဲ့  KNLA တပ်ဘက်ကတော့ ထိခိုက်မှုမရှိ အန္တရယ်ကင်းတယ်လို့ KNLA တပ်သားတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013