DVB Logo
Home
မြန်မာသတင်း
သေဒဏ်စီရင်မှုအပေါ် CRPH ကန့်ကွက်ရှုတ်ချ၊ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်အုပ်စုကို အပြစ်ပေးနိုင်ရေး ကြိုးပမ်းမည်
DVB
·
July 25, 2022
သေဒဏ်စီရင်မှုအပေါ် CRPH ကန့်ကွက်ရှုတ်ချ၊ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင်အုပ်စုကို အပြစ်ပေးနိုင်ရေး ကြိုးပမ်းမည်
Donate to DVB

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအားကာကွယ်ရန် ကြိုးပမ်းသူများအပေါ် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းမယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH )က ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီခုံရုံးအသီးသီးက သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာလိုက်တဲ့အပေါ် CRPH က သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူတွေဖြစ်တဲ့ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့အား သေဒဏ်စီရင်လိုက် ကြောင်း သတင်းထုတ်ပြန်ခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ များစွာ တုန်လှုပ်မိပြီး သူတို့ရဲ့ မိသားစုဝင်တွေ မြန်မာပြည်သူလူထုတို့နဲ့အတူ  များစွာ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်

လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော် အာဏာအား လက်နက်အားကိုးနဲ့ ဥပဒေမဲ့ လုယူထားတဲ့ တရားမဝင် အကြမ်းဖက်အုပ်စုသာ ဖြစ်တယ်၊ သူတို့ဟာ ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ လက်နက်အားကိုးနဲ့ မြန်မာပြည်သူတွေအပေါ် လူမဆန်တဲ့ ဖိနှိပ် သတ်ဖြတ်မှုတွေ အစဉ်တစ်စိုက် လုပ်ဆောင်နေတယ်။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဒီမိုကရေစီအား ထိန်းသိမ်းကာကွယ်ဖို့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ပွဲနေကြတဲ့ မြန်မာပြည်သူတွေကို ထိရောက်စွာ အားပေးထောက်ခံဖို့နဲ့ ပံ့ပိုးကူညီ ပေးဖို့  အထူးလိုအပ်တယ်လို့ CRPH က တိုက်တွန်းပါတယ်။ 

ဒါ့အပြင် ဥပဒေမဲ့ အာဏာလုယူထားတဲ့ အကြမ်းဖက်လူသတ်စစ်အုပ်စုအား သက်ဆိုးရှည်စေမယ့် ဘယ်လို့ ပူးပေါင်းဆောင်ရွက်မှုမျိုးမျှ လက်တွဲလုပ်ဆောင်ခြင်းမပြုဘဲ ပိုမိုထိရောက်တဲ့ သံတမန်ရေး၊ စီးပွားရေး ဖိအားပေးမှုတို့ကို တိုးမြှင့်လုပ်ဆောင်သွားဖို့လည်း အထူးတိုက်တွန်းထားပါတယ်။ နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်ဆောင်ရွက်ချက်ဟာ မြန်မာပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့နိုင်ငံတွေက ဒီမိုကရေစီအား ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ သက်သေပြခြင်းဖြစ်တယ်လို့ CRPH ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013