DVB Logo
Home
မြန်မာသတင်း
သရက်ချောင်း၌ ၁ လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး
DVB
·
July 24, 2022
သရက်ချောင်း၌ ၁ လကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံး
Donate to DVB

၁ လကျော်အတွင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲမှာ ပြည်သူ့တော်လှန်ရေးတပ်တွေရဲ့ ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီဘက်က အယောက် ၉၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သရက်ချောင်း PDF ဒေါင်းမင်းစစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။

ဇွန် ၃ ရက်ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ဒေါင်းမင်းစစ်ဆင်ရေး၊ ကယ်စဒိုကျား(KPDF)၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တွေ၊ ပြည်သူ့ကာကွယ်ရေးဖက်ဒရယ်စစ်ကြောင်းတို့က မဟာမိတ်အနေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ၈ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇွန် ၃ ရက်နေ့က ဒေါင်းမင်းစစ်ဆင်ရေးနဲ့ ကယ်သဒိုကျား၊ တောင်ပိုင်းမဟာမိတ်ရဲဘော်တချို့တို့ ပူးပေါင်းပြီး သဲချောင်းကြီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတခုကို ဝင်ရောက်တိုက်ခိုင်ရာမှာ စစ်ကောင်စီဘက်က ၁၂ ယောက်သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရပြီး စုံစင်ဖျားရွာကို ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂ ယောက် ဒဏ်ရာရပြီး သဲချောင်းကြီးမှာ စခန်းထိုင် နယ်မြေစိုးမိုးနိုင်ခဲ့သလို ပျူစောထီးအဖွဲ့ဝင်တွေကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ စုံစင်ဖျားမီးသတ်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၂ ယောက်သေဆုံးပြီး လက်နက်ကြီးကျည် ၃ လုံးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန် ၂၉ ရက်မှာ စုံစင်ဖျားတောင်ပေါ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရကြောင်း၊ အဲဒီနောက် စစ်ကောင်စီတပ်သား ၄၀၀ လောက်ဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ တောင်ပျောက်တိုက်နယ်ထဲကိုဝင်လာခဲ့ပြီး သဲချောင်းကြီးကိုလည်း စစ်ကြောင်းတကြောင်း ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တို့ဟာ ရေလမ်း ကုန်းလမ်းကနေ လက်နက်ကြီးတွေပစ်ခတ်ပြီး ကျွဲခြံရွာဘက်ကို လာနေတုန်း ပဒေသာမိုင်းတွေ ဖောက်ခွဲတိုက်ခိုက်ခံရလို့ ၁၂ ယောက်သေဆုံး၊ အယောက် ၂၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ဒေါင်းမင်းစစ်ဆင်‌ရေးက တပ်စိတ်မှုး တယောက် ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာလည်း သဗြုချောင်းဘက်ကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တို့ ခြေနင်းမိုင်းကြောင့် ၅ ယောက်လောက် ဒဏ်ရာရခဲ့ပြီး သေဆုံးတဲ့အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်နေ့က တောင်ပျောက်ရွာကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၇ ယောက်သေဆုံးခဲ့သလို ဖက်ဒရယ်စစ်ကြောင်းက ရဲဘော် ၂ ယောက်ကျဆုံးပြီး ပြည်သူတယောက်လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာတော့ ကျောက်လှေကားကဝင်လာတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နဲ့ တောင်ပိုင်းအင်အားစု၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဘက်က ၉ ယောက်သေဆုံး၊ ၃ ယောက် ဒဏ်ရာရသလို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ဘက်က ၅ ယောက် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013