DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်း ၈၀ ရာခိုင်နှုန်းပြည့်မီ၊ ကျပ်သိန်းပေါင်း ၁၂၀၀၀ ရရှိထား
DVB
·
July 24, 2022
စစ်ကိုင်းတိုင်းအတွက် “မမများနဲ့ပွဲကမယ်”ကမ်ပိန်း ၈၀ ရာခိုင်နှုန်းပြည့်မီ၊ ကျပ်သိန်းပေါင်း ၁၂၀၀၀ ရရှိထား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို စတင်နေပြီး လက်ရှိမှာတော့ ဇူလိုင် ၂၃ ရက်အထိ ကျပ်သိန်း ၁၂,၀၀၀ ရရှိထားခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။

ဒီကမ်ပိန်းကတဆင့် ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာမို့ လတ်တလောမှာတော့ မျှော်မှန်းငွေရဲ့ ၈၀ ရာခိုင်နှုန်း ပြည့်မီခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁၇ လကြာ ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသဟာ စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက်ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီး မှုတွေက များပြားလာနေတာပါ။

ဒါကြောင့်မို့ ဒီဒေသအတွက် “မမများနဲ့ပွဲကမယ်” ကမ်ပိန်းကို  ပြီးခဲ့တဲ့ ဇွန် ၂၆ မှာ စတင်လိုက်ပြီး လာမယ့် ဇူလိုင် ၂၅ ရက်အထိ ရက် ၃၀ ကာလအတွင်းမှာ Phase 1 အနေနဲ့ သိန်း ၁၅၀၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၄ ရက် အခုည မြန်မာစံတော်ချိန် ၈ နာရီအချိန်မှာလည်း ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ မြနှင်းရည်လွင်စတဲ့ အနုပညာရှင်တွေပါဝင်တဲ့ ပြည်သူ့အောင်ပွဲ - တော်လှန်ရေး စကား ဝိုင်းကို ပြုလုပ်သွားမှာဖြစ်ကာ တော်လှန်ရေးပရောဂျက်မစ်ရှင်တိုင်းကို တာဝန်ကျေတဲ့ ပြည်သူအယောက်စီတိုင်းနဲ့ သူတို့ချစ်တဲ့ အနုပညာရှင်၊ Social influencer တွေနဲ့ ပြည်သူတွေကြား “ခွန်အားပေး၊ ခွန်အားယူရင်း” မေးချင်တဲ့ မေးခွန်းလေးတွေ၊ အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ကာ ကျန်ရှိနေတဲ့ ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းကိုလည်း အင်တိုက်အားတိုက် ဖြည့်ပေးနိုင်စေဖို့ တိုက်တွန်းထားပါတယ်။

လတ်တလော စစ်ကိုင်းပရောဂျက်အတွက် ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နေတဆင့် ပေးပို့ကူညီသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013