DVB Logo
Home
မြန်မာသတင်း
"လွတ်မြောက်ခြင်းကို ပုန်ကန်ခြင်းနဲ့စတင်ကြ"
DVB
·
July 24, 2022
"လွတ်မြောက်ခြင်းကို ပုန်ကန်ခြင်းနဲ့စတင်ကြ"
1 / 6
Donate to DVB

ရန်ကုန်ရဲ့ သူပုန်များသပိတ်ကော်မတီ (YRSC) နဲ့ မဟာမိတ်အင်အားစုများပူးပေါင်းကာ "လွတ်မြောက်ခြင်းကို ပုန်ကန်ခြင်းနဲ့စတင်ကြ" စာသားကိုင်ဆောင်ကာ ဖက်ဆစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။ 

ဒီလှုပ်ရှားမှုကို YRSC က ဦးဆောင်ပြုလုပ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင်သမဂ္ဂများ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ (PBYSC)၊ Yangon Revolution Force-YRF(Soft strike Community)၊ Yankin Protests၊ ဗမာ့လူငယ်ကွန်ရက်-ဗလက၊ ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ထဝအကသ)၊ လှိုင်သာမြို့နယ် အခြေခံပညာကျောင်းသားများသ မဂ္ဂ (လသယအကသ)၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့မှ ပူးပေါင်းအင်အားဖြည့် ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ 

ဒီသပိတ်စစ်ကြောင်းမှာ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊"No God,No Master,No Justic,No Peace"၊"Vivala Revoluta (တော်လှန်ရေးအဓွန့်ရှည်ပါစေ)" စတဲ့ စာသားတွေလည်း ကိုင်ဆောင်ခဲ့ပါတယ်။ စစ်အာဏာရှင်နဲ့ ဖက်ဆစ်စစ်တပ်က အကြမ်းဖက်ဖမ်းဆီးနေပေမယ့် ပြောက်ကျားသပိတ်တွေဟာ ဆက်ရှိနေဆဲပါ။

ဓာတ်ပုံ-လူငယ့်ခေတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013