DVB Logo
Home
မြန်မာသတင်း
ရှင်ဇိုအာဘေးနာရေး စစ်ခေါင်းဆောင်တက်ပါက အပြင်းအထန်တုံ့ပြန်မည်ဟု ဂျပန်ရောက် မြန်မာများ သတိပေး
DVB
·
July 24, 2022
ရှင်ဇိုအာဘေးနာရေး စစ်ခေါင်းဆောင်တက်ပါက အပြင်းအထန်တုံ့ပြန်မည်ဟု ဂျပန်ရောက် မြန်မာများ သတိပေး
Donate to DVB

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နာရေးကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လိူင်သာ တက်ရောက်လာခဲ့မယ်ဆိုရင် ဂျပန်ရောက်မြန်မာတွေရဲ့ ကြီးမားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ မြန်မာအရေးလူပ်ရှားသူတွေက ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နာရေးကို ဇူလိုင် ၂၇ ရက်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ပြုလုပ်ဖို့ရှိပြီး မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖိတ်ထားတယ် ဆိုတဲ့ သတင်းထွက်ပေါ်နေပါတယ်။

ဂျပန်အစိုးရဘက်က မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ထားတာ ရှိ၊ မရှိ အတည်ပြုထုတ်ပြောတာမ ရှိသေးပေမဲ့ တကယ်လို့သာ အသိအမှတ်ပြု ဖိတ်ထားတယ်ဆိုရင် လက်ရှိ ဂျပန်အစိုးရရဲ့ ပုံရိပ်ကို အများကြီးကျဆင်းနိုင်တယ်လို့ အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလူပ်ရှားနေတဲ့ ကိုမျိုးကြီးက ပြောပါတယ်။

"အကြမ်းဖက်လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ နာရေးကို အကြမ်းဖက်လူသတ်နေတဲ့သူကို ဖိတ်မယ်ဆိုရင် ဂျပန်ပြည်သူတွေလည်း လက်ခံလိမ့်မယ် မထင်ဘူး။ တကယ်လို့ ဖိတ်ထားခဲ့ ရင်တော့ အပြင်းအထန်ကန့်ကွက်တယ်"

လက်ရှိ ဂျပန်အစိုးရဟာ မြန်မာ့နိုင်ငံအရေးနဲ့ပတ်သက်လို့ ပြတ်သားမှု ရှိမနေတဲ့ အပေါ် ဂျပန်နိုင်ငံရောက် မြန်မာတွေကလည်း အားမလိုအားမရ ဖြစ်နေပါတယ်။

ဂျပန်အစိုးရရဲ့ ပြတ်သားမှု မရှိတဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေ ဇူလိုင် ၂၄ ရက်မှာ ဂျပန်နိုင်ငံ မြို့ကြီး ၈ မြို့မှာ ဆန္ဒပြဖို့ ရှိနေပါတယ်။

အဲဒီလို ဆန္ဒပြပွဲ မလုပ်ခင်မှာတင် စစ်ခေါင်းဆောင် မင်းအောင်လိူင်ကို ဂျပန်အစိုးရက ဖိတ်ထားတယ်ဆိုတဲ့ သတင်းထွက်လာတာပါ။

ဂျပန်ရောက် မြန်မာ့အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားဆောင်ရွက်နေတဲ့ ဦးမိုင်ကျော်ဦးက "ဂျပန် အစိုးရကတော့ ဖိတ်ဖို့ များတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်ကို မဖိတ်ဖို့တောင်းဆိုတာတွေ ဆက်လုပ်မယ်။ မင်းအောင်လှိုင်င်ဂျပန်ရောက်လာမယ်ဆိုရင်တော့ ကြီးကျယ်တဲ့ ရှုတ်ချဆန္ဒပြပွဲ တွေလုပ်ဖို့ပဲ ရှိတော့ တာပေါ့"လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာအသိမှတ်ပြု မခံရဘဲ ပြည်ပခရီးတွေ ဆိုရင်လည်း နိုင်ငံခေါင်းဆောင် တယောက် အနေနဲ့ သွားလာခဲ့ရတာ မရှိ သေးပါဘူး။

အဲဒါကြောင့် ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို အသိအမှတ် မပြုဖို့နဲ့ အရော မဝင်ဖို့ မြန်မာနိုင်ငံသားတွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013