DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်၌ BGFတပ်က တပ်စခန်းတိုးချဲ့တည်ဆောက်ရန် သစ်လုံးများ အဓမ္မတောင်းယူ
DVB
·
July 23, 2022
ဘားအံမြို့နယ်၌ BGFတပ်က တပ်စခန်းတိုးချဲ့တည်ဆောက်ရန် သစ်လုံးများ အဓမ္မတောင်းယူ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ တပ်စခန်းတိုးချဲ့တည်ဆောက်ဖို့ နယ်ခြားစောင့်တပ်(BGF)က  ဒေသခံပြည်သူတွေဆီကနေ သစ်လုံးတွေကို  အတင်းအဓမ္မတောင်းယူခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၇ ရက်က အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ်(BGF) လက်အောက်ခံတပ်ဖွဲ့ဝင်တွေက သစ်လုံးတွေကို ကျုံမသွယ်ကျေးနယ်အုပ်စု၊ ဘန့်ဘွေးကုန်း၊ ရွှေလူနဲ့ တော်သလေးခိုကျေးရွာတွေ က ဒေသခံပြည်သူတွေဆီကနေ  အတင်းအဓမ္မတောင်းယူခဲ့တာလို့ ဆိုပါတယ်။

၂ ထွာပတ်လည်၊ အရှည်  ၆ တောင်ရှိတဲ့ သစ်လုံးတွေကို တစ်အိမ်ထောင် သစ်တစ်လုံးပေးဖို့ BGF က တောင်းခံခဲ့သလို အရင်ကလည်း သစ်၊ ဝါးတွေ အကြိမ်ကြိမ်တောင်းခံခဲ့ရာ  စုစုပေါင်း ၄ ကြိမ် ရှိပြီလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ  ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို BGF တပ်ဖွဲ့ဝင်တွေကို ကြောက်လန့်နေရတဲ့အတွက် ခိုင်းတဲ့အတိုင်း သစ်တွေ ကို သွားရောက်ပို့ဆောင်ပေးခဲ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို  အမျိုးမျိုး ခြိမ်းခြောက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ အတင်းအဓမ္မခိုင်းစေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ လူသာားဒိုင်းအဖြစ်အသုံးပြုတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013