DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် NLD ပါတီ အလုပ်အမှုဆောင် နေအိမ်အပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ
DVB
·
July 23, 2022
သံဖြူဇရပ်တွင် NLD ပါတီ အလုပ်အမှုဆောင် နေအိမ်အပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင် နေအိမ်အပါအဝင် နေအိမ် ၃ လုံးကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က သံဖြူဇရပ်မြို့နယ် ကျုံကဒက်ကျေးရွာရှိ NLD ပါတီ မြို့နယ် အလုပ်အမှုဆောင် ဦးမင်းအောင် နေအိမ်နဲ့ သံဖြူဇရပ်မြို့က တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးရဲလင်းထွန်းနဲ့ ဦးပိုင်စိုးတို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လာရောက် ချိပ်ပိတ်သွားတာပါ။

စစ်ကောင်စီကတော့ သူတို့ ၃ ဦးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့အတွက် နေအိမ်တွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်တာကြောင့် ချိပ်ပိတ်ရတာလို့ ဆိုထားပါတယ်။

သံဖြုဇရပ်မြို့ခံတဦးကတော့ NLD ပါတီ မြို့နယ်အလုပ်မှုဆောင် ဦးမင်းအောင်ကို စစ်ကောင်စီက သံဖြူဇရပ်မြို့ အဝင်အထွက်တွေမှာ အကြမ်းဖက်သောင်းကျန်းသူအဖြစ် ဗွီနိုင်းချိတ်ဆွဲထားတယ်လို့ ပြောပါတယ်။

ဒါအပြင် ဦးမင်းအောင်ရဲ့ နေအိမ် လာရောက် ချိပ်ပိတ်စဉ် ညီမဖြစ်သူနဲ့အတူ မိသားစုဝင်တွေကိုလည်း နေအိမ်ကနေ ချက်ချင်းဆင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ် ချိပ်ပိတ်ခံရတဲ့ NLD ပါတီ မြို့နယ်အလုပ်မှုဆောင် ဦးမင်းအောင်နဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ဦးရဲလင်းထွန်းနဲ့ ဦးပိုင်စိုးတို့ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ပုဒ်မ ၅၀၅ အပြင် အကြမ်းဖက် ဥပဒေတွေနဲ့ပါ အမှုဖွင့်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ တနှစ်ကျော်ကာလအတွင်း NLD ပါတီအမတ်တွေ၊ NLD ပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ နေအိမ် ၁၀ လုံးထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013