
အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်ဟာ ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းအတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးနေတဲ့ သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ရာမှာ လူတယောက် သေဆုံးပြီး အသက်ရှင်သူ ၂ ယောက် ရှိတယ်လို့ ပြောပါတယ်။
အခုစစ်ဆင်ရေးဟာ တရားမဝင် မှောင်ခိုကူးမှုတွေနဲ့ ဆက်နွှယ်နေတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ်ရဲ့ အကျဉ်းရုံး ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ဒါပေမဲ့ တခြားအသေးစိတ် အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်ထားတာ မရှိပါဘူး။
ဒီတိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေ ရှိတယ်လို့ လူသိများတဲ့ ရေပြင်တွေထဲမှာ လက်ရှိလုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်းတခု အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










