DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးချိန်ကစပြီး ယခုနှစ်ဇွန်လကုန်ထိ တမူးတွင် အရပ်သား ၁၉ ဦးထက်မနည်း အသတ်ခံရ
DVB
·
July 21, 2022
အာဏာသိမ်းပြီးချိန်ကစပြီး ယခုနှစ်ဇွန်လကုန်ထိ တမူးတွင် အရပ်သား ၁၉ ဦးထက်မနည်း အသတ်ခံရ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ၆ ဦးထက်မနည်း ဖမ်းဆီးခံရကာ အိမ်ခြေ ၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ပြောပါတယ်။

“ကျနော်တို့ ကူကီး‌ကျောင်းသားလူငယ်အဖွဲ့အစည်းက ကောက်ထားတဲ့ စာရင်းတွေပါဗျ။ အခု တွက်ချက်ထားတဲ့ အခြေအနေထက် မြေပြင်အခြေအနေမှာ ပိုများနိုင်ပါတယ်။ တိုက်ပွဲပေါင်း ၅၀ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် ကျဆုံးခဲ့ကာ ဒေသခံကာကွယ်ရေးတပ်သား ၆‌ ဦးလည်း ကျဆုံးခဲ့ပါသေးတယ်” လို့ ကူကီးကျောင်းသားအသင်းက တာဝန်ရှိသူက ပြောပါတယ်။

ရန်လင်းဖိုင်ကျေးရွာက ဒေသခံတဦး “ကျနော်တို့ရွာက အိမ်တွေဆို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာ၊ ရွာက အိမ်ခြေ ၄ လုံး မီးရှို့ခံရတယ်၊ ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်၊ ရွာကိုမီးရှို့တယ်” လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ တမူးမြို့နယ်ကို သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ လူနေအိမ်တေါကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်တွေဟာ တမူးမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၅ လဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013