DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့နယ် ဘဝပင်ရွာအနီး PDF စခန်းဟောင်းတခုကို စစ်ကောင်စီတပ် စီးနင်းမီးရှို့
DVB
·
July 21, 2022
ထားဝယ်မြို့နယ် ဘဝပင်ရွာအနီး PDF စခန်းဟောင်းတခုကို စစ်ကောင်စီတပ် စီးနင်းမီးရှို့
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက ဘဝပင်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စခန်းဟောင်းတခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က ဘဝပင်ကျေးရွာသား နှစ်ဦး အဖမ်းခံခဲ့ရပြီး ညနေဘက်မှာ သူတို့ကိုလမ်းပြခိုင်းပြီး ဝင်ရောက်ရှာဖွေကာ PDF စခန်းဟောင်းရှိ တဲတတဲကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝကုန်းဒေသခံတဦးက ပြောပါတယ်။

“စခန်းအဟောင်းကို ဝင်စီးတယ်။ PDF တယောက်မှမရှိတော့၊ အရင်က PDF တွေနေခဲ့တဲ့ တဲတခုကို မီးရှို့ခဲ့တယ်လို့ကြားတယ်။” 

အဆိုပါစခန်းဟောင်းဟာ မည်သည့်အဖွဲ့က စခန်းဖြစ်ကြောင်းကိုမှု ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒေသခံ ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့အနက် ၂ ဦးမှာ အဖမ်းခံထားရတာကြောင့် ဘဝပင်ရွာဒေသခံတွေ ကြောက်ရွံ့ပြီး ရွာလုံးကျွတ်နီးပါး ဟိန္ဒားကျေးရွာနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဟိန္ဒားဒေသခံတဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ထီးခီးနယ်စပ်မှ ထားဝယ်ကိုထွက်လာတဲ့ စစ်ကား ၁၄ စီးပါ စစ်ကောင်စီယာဉ်တန်းဖြစ်ပြီး ဇူလိုင် ၁၇ ရက်၊ မနက် ၇ နာရီခွဲလောက်က Kawthoolei Army (အထူးစပါယ်ရှယ်တပ်ရင်း) နဲ့ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်ဖွဲ့) ပူးပေါင်းတပ်တို့က ထီးခီးလမ်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013