DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁ ဦးနှင့် စစ်ရှောင် အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
July 20, 2022
ယင်းမာပင်မြို့နယ်၌ တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁ ဦးနှင့် စစ်ရှောင် အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဇူလိုင် ၂၀ ရက်က  စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော် တယောက် ကျဆုံးခဲ့ရသလို စစ်ရှောင် အမျိုးသမီး တယောက်လည်း  သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမနက် ၁၁ နာရီဝန်းကျင်လောက်က ဘန့်ဘွေးရွာမ ဒေသခေါ် ပျူစောထီးရွာ အနီးတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တို့ အနီးကပ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ ယင်းမာပင်ခရိုင်တပ်ရင်း (၃) မှ ရဲဘော်စာကလေး ကျဆုံးခဲ့ရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကွေ့ချောင်းကျေးရွာက အသက် ၅၀  အရွယ် စစ်ဘေးရှောင်အမျိုးသမီး ဒေါ်ခင်သိန်းမြင့်ဟာလည်း လက်နက်ကြီးထိမှန်ခံခဲ့ရကာ ညနေ ၆ နာရီ ကျော်လောက်မှာ သေဆုံးသွားခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှာလည်း ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မုံရွာ(နမခ)ဘက်ကနေ ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ)ဘက်ကို ရိက္ခာတွေနဲ့အတူ စစ်ကောင်စီတပ်သား ၃၀ ခန့်လောက်နဲ့ မုံရွာ-ယာကြီး ကလေးဝ လမ်းအတိုင်းလာရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီနေ့တိုက်ပွဲမှာ  နဂါးညီနောင်တပ်ဖွဲ့နဲ့အတူ KLG PDF ၊ Alpha Force ၊ MPDF၊ Next Generation Hope LPDF ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ အမိမြေတော်လှန်ရေး တပ်ဖွဲ့၊ ဒေါင်းလုလင် LPDF၊ ဗျတ္တညီနောင် LPDF၊ ရွှေတြိဂံ တပ်ရင်း၊ ချိုမိုင်မိုင် LPDF၊ ဒေါင်းသွေးနီ LPDF နဲ့အတူ မဟာမိတ်တပ်ပေါင်းစုများ စုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Dragon Brothers Task Force (DBTF) သတင်းပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီတပ် တပ်စွဲထားတာ ဘန့်ဘွေးရွာမပေါ့။ ဒေသခေါ် ပျူစောထီးရွာလို့ ခေါ်တာပေါ့။ အဲဒီမှာ တပ်စွဲထားတာကို သူတို့တပ်ကုန်း ရှိတယ်ဗျ။ တပ်ကုန်းကနေမှ ရိက္ခာလာပို့တာ။ ရိက္ခာလာပို့တဲ့အချိန်မှာ လမ်းခုလပ် ၅ မိုင်ဂိတ်နားမှာ ကျနော်တို့အဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု့ရှိတာပေါ့။ အပြန်အလှန် ပစ်ခတ်ကြတယ်”လို့ ပြောပါတယ်။

ဘန့်ဘွေးရွာမ ကျေးရွာအနီး မရောက်ခင်လမ်းခရီးကြားတွေမှာလည်း ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ အခြားမဟာမိတ် ၆ ဖွဲ့တို့က အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို  ၃ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချိုမိုင်မိုင်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း  ဇူလိုင် ၂၀ ရက်မနက်ပိုင်းနဲ့ ဇူလိုင် ၁၉ ရက် ညပိုင်းတွေက  PDF အဖွဲ့တွေက အဝေးပစ်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့တွင်း ကားတွေနဲ့ ကင်းလှည့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်မှာလည်း ချင်းတွင်းမြစ်ရိုးတလျှောက် အလုံ၊ မင်းဒေါင့်ကနေ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီသင်္ဘောတွေနဲ့ ဖလပ်ခွံတွေကို ကနီမြို့နယ်နဲ့ ချိုင်ကျေးရွာကြား အရောက်မှာ Dragon  brothers  Task Force နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တာပါဗျ။ စခ ငါးဦးနဲ့အထက် သေမယ်ဗျ။ ဖလပ်တစ်စီး လက်နက်ကြီး ထိမှန်ပျက်စီးတယ်ဗျ။ ကနီမြို့နဲ့ ချိုင်ရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်တာဗျ” လို့ Dragon  brother  Task Force သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲကြာချိန် တနာရီကျော်အတွင်းမှာ  စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိပြီး ဖလပ်ခွံတစ်စီးလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။  စစ်ကောင်စီတပ်ကလည်း စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ ရဲဘော် တယောက် အသက်အန္တရာယ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013