DVB Logo
Home
မြန်မာသတင်း
မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
July 20, 2022
မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မုံရွာစီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇူလိုင် ၁၉ ရက်နေ့ မနက် ၁ နာရီခွဲအချိန်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပြောနိုင်တာက အခု တိုက်ခိုက်မှုကို အကုန်စုစုစည်းစည်းနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အထိမ်းမှတ်လို့လည်း ပြောလို့ရတယ်။ အခု ကျောင်းထဲမှာ တပ်စွဲထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာက ဒါဟာ ပညာရေးအဆောက်အအုံဝင်း ဖြစ်တယ်။ ပညာသင်ကြားရာ တက္ကသိုလ်လည်း ဖြစ်တယ်။ လက်နက်ကိုင်ပြီး တပ်စွဲအထိုင်ချရတဲ့ နေရာဌာန မဟုတ်ဘူးဆိုတာပဲ" အဲဒီတိုက်ခိုက်မှုမှာ ‌ပူးပေါင်းပါဝင်ခဲ့တဲ့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ မုံရွာခရိုင် PDF တပ်ရင်း(၁)၊ တပ်ခွဲ(၁) People's Defence Force - South Monywa ၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂) Black Dragon - Special Task Force၊ တပ်ရင်း(၁)၊ တပ်ခွဲ(၂)၊ တပ်စု(၁) Anyar Defence Force (A.D.F)၊ တပ်ရင်း(၁)၊ တပ်ခွဲ(၃) God of Monywa People's Defence Force & Red Eagle People's Defence Force ၊ တပ်ရင်း(၁)၊ တပ်ခွဲ(၄) Monywa Fighter Group & Golden Eagle Force – Monywa၊ တပ်ရင်း(၃)၊ တပ်ခွဲ(၁) Monywa Ranger Group - Truth Army၊ တပ်ရင်း(၃)၊ တပ်ခွဲ(၂) Monywa Red Peacock ၊ တပ်ရင်း(၃)၊ တပ်ခွဲ(၃) People's Defence Force - Yar Za Than ၊ တပ်ရင်း(၃)၊ တပ်ခွဲ(၄) Springs Dove  တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာစီးပွား‌ရေးတက္ကသိုလ်ဝင်းအတွင်း စီးနင်းတပ်စွဲထားတာ ၁ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး အဲဒီကာလအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်း သင်္ကြန်အကတိုက်နေကြတဲ့ စစ်ကောင်စီအသိုက်အဝန်းနဲ့ တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

မုံရွာစီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013