DVB Logo
Home
မြန်မာသတင်း
ဆေး-၁ ကျောင်းသားသမဂ္ဂက တော်လှန်ရေးအတွက် ကျပ်သိန်း ၄၆၀ ကျော် ထောက်ပံ့ကူညီ
DVB
·
July 20, 2022
ဆေး-၁ ကျောင်းသားသမဂ္ဂက တော်လှန်ရေးအတွက် ကျပ်သိန်း ၄၆၀ ကျော် ထောက်ပံ့ကူညီ
Donate to DVB

ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက အချိန် ၁ လခွဲအတွင်းမှာ တော်လှန်ရေးအတွက် ငွေကျပ်သိန်း ၄၆၀ ကျော် ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ ကူညီလှူဒါန်းပြီးဖြစ်တဲ့ ထောက်ပံ့ငွေစာရင်းကို ဖော်ပြထားတာဖြစ်ပြီး ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂအနေနဲ့ ထောက်ပို့ပြည်သူတွေရဲ့ အင်အားနဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်တွေ၊ CDM သူရဲကောင်းတွေ၊ စစ်ဘေးရှောင်မိသားစုတွေအတွက် လက်လှမ်းမှီသမျှ ကူညီပေးနေတာလို့ ဆိုပါတယ်။

ထောက်ပံ့ငွေကျပ်သိန်း ၄၆၀ ကျော်ကိုတော့ ရန်ကုန်မြို့ပြရဲဘော် (YGN UG)၊ မန္တလေးမြို့ပြရဲဘော် (MDY UG)၊ သပိတ်အင်အားစုတွေ၊ စစ်ကိုင်းနဲ့ ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေအတွက် ၂၇၈ သိန်း ကျော်၊ CDM ပြည်သူ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေး ၄၅ သိန်းကျော်နဲ့ အိမ်ငှားခ ၂၃ သိန်း စုစုပေါင်း ၆၈ သိန်းကျော်၊ တိုက်ပွဲမြေပြင်ဆေးအကူနဲ့ ဆေးရုံ အသုံးစရိတ် ၈၂ သိန်းကျော်၊ စစ်ဘေးရှောင်အကူအနေနဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေ ၂၂ သိန်းကျော်၊ စာသင်ကျောင်းအတွက် ၁၇ သိန်းကျော် စုစုပေါင်း ၃၉ သိန်းကျော်စီ အသီးသီး ခွဲဝေထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

တော်လှန်ရေးအတွက် လက်နက်၊ ရိက္ခာလိုအပ်ချက်တွေလည်း မြင့်မားလာတာနဲ့အမျှ ရန်ပုံငွေရှာဖွေထောက်ပံ့မှုတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အမှန်တရားဘက်က ရပ်တည်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျောင်းသား သမဂ္ဂတွေ အသီးသီးကပါ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တထောင့်တနေရာကနေ ထောက်ပံ့ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013