DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် တဦး ပစ်သတ်ခံရ
DVB
·
July 18, 2022
လောင်းလုံးတွင်  ပျူစောထီးအဖွဲ့ဝင် တဦး ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာမှာ ဇူလိုင် ၁၇ ရက်၊ ည ၈ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အသက် ၅၂ နှစ်ရှိ ဦးကျော်စိုးဟာ ကြံ့ခိုင်ရေး ပါတီဝင်လည်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Dawei Defense Team_ DDT တပ်ခွဲ (၃)တို့ကတော့ အဲဒီပစ်ခတ်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အသီးသီးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးကျော်စိုးဟာ စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် တယောက်ဖြစ်ပြီး ခါးကြားသေနတ်ထိုး သွားလာလေ့ရှိသူ တယောက်ဖြစ်သလို ကျေးရွာအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရာမှာ လမ်းပြပေး သူ တယောက်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိ ပါဘူး။

ညင်းမော်ရွာခံ တဦးကတော့ "သူက သူ့မှာ သေနတ်ရှိတယ်ပြောပြီး အရက်ဆိုင်မှာ သူ့ သူငယ်ချင်းတွေကို ထုတ်ပြဖူးတယ်လို့တော့ ကြားဖူးတယ်။ သေနတ်ခါးကြားထိုးပြီး ရွာထဲ သွားနေတာမျိုးတော့ ကိုယ်တိုင်မတွေ့ဖူးဘူး။ CDM ဝန်ထမ်းတွေ သပိတ်မှာပါတဲ့လူငယ်တွေတော့ သူ့ကို သတိထားပြီး စောင့်ကြည့်ကြတယ်။ စစ်တပ်လာဖမ်းတဲ့အချိန် လမ်းပြလုပ်ပေးတယ်ဆိုတာ တော့ အတိအကျမပြောနိုင်ဘူး" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ပန္ဒလဲကျေးရွာ၊ ဝဗျောကျေးရွာ၊ ဝေဒီကျေးရွာ၊ ဂေါ့အင်းကျေးရွာနဲ့ ကဒက်ကြီးကျေးရွာတွေမှာ ပျူစောထီးအဖွဲ့ဝင်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု တွေနဲ့ ပတ်သက်သူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဥ်တွေရှိခဲ့ပေမယ့် ညင်းမော်ကျေးရွာမှာတော့ အဲဒီလို ဖြစ်စဥ် မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လအတွင်းကတော့ ညင်းမော်ကျေးရွာက အသက် ၅၀ အရွယ် ဒေါ်မိချိုဆိုသူ အမျိုးသမီး တဦးကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်းဆီးခံရလဲဆိုတာကိုတော့ မသိရပါဘူး။

လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှာလည်း ဇူလိုင် ၁၆ ရက်၊ မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီးအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းဆိုသူ စစ်ကောင်စီသတင်းပေးလုပ်လို့ ဆိုကာ ပစ်သတ်ခံခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားသူတွေကတော့ ညင်းမော်ကျေးရွာမှာ သပိတ်လှုပ်ရှားမှုတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ ဇူလိုင် ၁၇ ရက်၊ ညနေပိုင်းကလည်း ညင်းမော်ကျေးရွာမှာ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013