DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား အေအေက ထိန်းသိမ်းစစ်ဆေးနေ
DVB
·
July 18, 2022
ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား အေအေက ထိန်းသိမ်းစစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှရွှေအား ဇူလိုင် ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက် ရက္ခိုင်တပ်တော် (အေအေ) က စစ်ဆေးဖို့ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက အတည်ပြုပြောကြားပါတယ်။

“ဟုတ်ပါတယ်။ ဖမ်းဆီးတာမဟုတ်ပါဘူး။ စစ်ဆေးစရာရှိလို့ ခေါ်သွားတာပါ။ အားလုံး ဖုန်းအဆက်အသွယ်တွေရပါတယ်။ စစ်ဆေးမေးမြန်မူတွေပြီးရင် ပြန်လွှတ်ပေးမယ်လို့ အေအေ ဘက်က ပြောဆိုထားတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဦးလှရွှေမှာ ၂၀၂၀ ပြည့်နှစ်က ဘူးသီးတောင်မြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်မှ ကော့သောင်းမြို့ကို ပြောင်းရွှေ့သွားခဲ့ပြီး၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး  ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် အသစ်တာဝန်ကျလာသူတဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က မြို့ပေါ်က အရပ်သား ၂၀ ထက်မနည်း ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တချို့ကိုတော့ တရားစွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က  ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီတပ်သာ ၂ ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ အရပ်သား ၄၅ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး မြို့နယ်အသီးသီးက ရဲစခန်းတွေမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013