DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချခံရ
DVB
·
July 18, 2022
ယင်းမာပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၁၇ ရက်နေ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီတပ်ဖွဲ့အပါဝင် ပျူစောထီးအဖွဲ့ဝင်တွေလည်း ရှိနေပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ နေရာကို အဓိက ဦးတည်တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ပျူအဖွဲ့တွေလည်း ရှိတယ်။ ရန်သူဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေတယ်ဆိုတာ အတည်ပြုနိုင်တယ်။ ဒဏ်ရာရသူလည်း များတယ်။ နမခ စစ်ဆေးရုံဆီ သယ်သွားတယ်လို့ သိထားရပါတယ်။ ဒါနဲ့ဆို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေအနေနဲ့ ဘန့်ဘွေးရွာမထဲက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ဒီတပတ်အတွင်း နှစ်ကြိမ်ရှိပြီ” လို့ ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့ဖြစ်တဲ့ Yinmarbin Local PDF မှ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Yinmarbin Local PDF၊Chindwin Galone Yarzar Guerrilla Defense Force ၊ Alpha Special Force ၊ Unity Force Monywa ၊ ချိုမိုင်မိုင် ယင်းမာပင်နဲ့ ကနီတပ်ပေါင်းစု ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကလည်း ဘန့်ဘွေးရွာမကျေးရွာထဲ တပ်စွဲထားတဲ့ ‌စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013