DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်၌ တပတ်အတွင်း ပြည်သူ ၅ ဦး နှင့် ပ.က.ဖ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
DVB
·
July 18, 2022
ဝန်းသိုမြို့နယ်၌ တပတ်အတွင်း ပြည်သူ  ၅ ဦး နှင့် ပ.က.ဖ ၆  ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းက အင်အား ၁၀၀ ဝန်းကျင်နဲ့ ဇွန်လိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၇ ရက်နေ့အတွင်း ဝန်းသိုမြို့နယ်ထဲက အရပ်သားပြည်သူ ၅ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြောပါတယ်။

“ဝန်းတိုနယ်မှာ ၁၁ ဦးရှိသွားပြီးဗျ၊ ဒီရက်ပိုင်းတွင်းမှာ အသတ်ခံရတာပေါ့။ ပ.က.ဖက ဒီဂျိုးတောင်ဖြစ်စဉ်မှာက ၂ ယောက်၊ ဒီပန်းညိုမှာက ၂ ယောက်၊ ကြိမ်ချောင်းမှာက ၂ ယောက်၊ စုစုပေါင်း ၆ ယောက်၊ ကျန်တဲ့ ငါးယောက်က ပြည်သူတွေပါ။” 

ပြည်သူတွေနဲ့ ပ.က.ဖ အဖွဲ့ဝင်တွေဟာ သတင်းပေးဒလန်တွေကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က “မနေ့က ကြိမ်ချောင်းမှာဆိုရင် ကျနော်တို့ ပ.က.ဖ အဖွဲ့ဝင် ၂ ယောက်နဲ့ ပြည်သူ ၁ ဦး ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်။ သူတို့တွေက ဒလန်ရဲ့ သတင်းပေးမှုကြောင့် ရွာကို ပြန်လှည့်ပြီး ပြန်လာဖမ်းတာ။ ဖမ်းပြီးမှ လက်တွေဖြတ်တယ်၊ ခြေထောက်တွေဖြတ်တယ်၊ မျက်လုံးတွေဖောက်တယ် ပြီးတော့ ခေါင်းကလည်း တခြမ်းခုတ်ခွဲလိုက်တယ်၊ အလောင်းကိုမြေမြှုပ်ထားတယ်၊ အလောင်းကိုပြန်ဖော်ကြည့်လိုက်တော့ အဲဒဏ်ရာတွေ တွေ့တယ်” လို့ ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ပြည်သူ ၅ ဦးဟာ  အသက် ၃၀ နဲ့  ၅၀ ကြားအရွယ်တွေ ဖြစ်ပြီး လေကြီးကုန်း၊ ဝန်းတိုနဲ့ စစ်သတ်ဂုန်ကျေးရွာတွေက ပြည်သူတွေဖြစ်ပါတယ်။ 

ဝန်းသိုမြို့နယ်ထဲက ပြည်သူတွေနဲ့ ပ.က.ဖအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မော်လိုက်ခြေစိုက် ခလရ ၃၆၄ က ဖြစ်ပြီး ဇူလိုင် ၁၇  ရက်နေ့မှာ ဝန်းတို့မြို့ထဲက ခမရ ၁၁၁ စခန်းကို ပြန်ဝင်သွာပြီးလို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်နေ့တုန်းကလည်း  စစ်ကောင်စီတပ်သားတွေကို  မိုင်းဆွဲတိုက်ခိုက်ဖို့ သွားရောက်ပြင်ဆင်နေချိန် မိုင်းပေါက်ကွဲသွားတာကြောင့် ပကဖ ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013