DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် Kaung For You ဖက်ဒရယ်ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 17, 2022
ပခုက္ကူမြို့တွင် Kaung For You ဖက်ဒရယ်ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့မှာ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းမှာ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းက ဆရာမ တယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတာ်။

ပခုက္ကူမြို့ ၊ အမှတ် ၆ ရပ်ကွက်၊အောင်မဂ်လာလမ်းက ဆရာမ မစုမြတ်သန္တာကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅နာရီလောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်သွယ် တည်ထောင်ထားတဲ့ Kaung For You ဖက်ဒရယ် ကိုယ်ပိုင်ကျောင်းရဲ့  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Online စနစ်နဲ့ ပညာသင်ကြားပေးလို့ဆိုပြီး စစ်(...)၊ရဲ(...)နဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပခုက္ကူမြို့မှာ Kaung For You အွန်လိုင်းပညာရေးအစီစဥ်မှာ သင်ကြားပေးနေလို့ အဖမ်းခံရတဲ့ ဆရာမ ၂ ယောက်ရှိသွားပြီဗျ။ စက်မှုဇုန်ရပ်ကွက်က CDM ဆရာမ ဒေါ်ခင်မာလာနွယ်ကိုလည်း ဇူလိုင်လ ၁၅ ရက်နေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတွေက အဲဒီပညာရေးအစီစဥ်မှာ ပါဝင်လို့ဆိုပြီး ဖမ်းဆီးသွားကြတယ်။ ဒါစစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေက အတိကျသတင်းပေးလို့ အဖမ်းခံရတာ။”

စစ်ကောင်စီဟာ လွတ်လပ်စွာပညာသင်ကြားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြည်သူ့ပညာရေးကျောင်းတွေမှာ စာသင်ပေးနေတဲ့ CDM ဆရာမတွေကို ရန်သူသဖွယ် လိုက်လံဖမ်းဆီးနေတာကြောင့် ထိရောက်တဲ့ တုံ့ပြန်မှုတွေလုပ်ဆာင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ အချက် ၅ချက်ပါဝင်တဲ့ ကြေညာချက်တစောင်ကို အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ (BEWU-SC)နဲ့ အခြေံပညာ ပညာရေးဝန်ထမ်းများအထွေထွေ သပိတ်ကော်မတီ (BEGSC)တို့က ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၆၂၉ ယောက်ရှိပြီး အဲဒီထဲက ၁၃၃၃ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013