DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်က ဒေသခံ ၂ ဦးကို PDF သတင်းပေးဟုစွပ်စွဲပြီး စစ်အုပ်စု ဖမ်းဆီး
DVB
·
July 17, 2022
ပေါက်မြို့နယ်က ဒေသခံ ၂ ဦးကို PDF သတင်းပေးဟုစွပ်စွဲပြီး စစ်အုပ်စု ဖမ်းဆီး
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၁၅ ရက်မနက်ပိုင်းက အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF သတင်းပေးဆိုပြီး စွပ်စွဲကာ စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် ရေပြာရွာလမ်းဆုံ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က ဦးမော်တင်ကို PDF သတင်းပေးဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတာလို့ ရေပြာကျေးရွာဒေသခံတယောက်က ပြောပါတယ်။

အလားတူ ဘုရားတောင်ကျေးရွာက ဒေါ်မူအေးကိုလည်း ဇူလိုင် ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ PDF သတင်းပေးဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ ၂ ယောက်ကို ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ပို့ဆောင်လိုက်ကြပြီး မိသားစုနဲ့ တွေ့ဆုံခွင့်မပေးသလို အစားအသောက်တွေ၊ စောင်တွေ ပေးခွင့်မရဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်ဖွဲ့တွေကတော့ အပြစ်မဲပြည်သူတွေကို ခေါင်းစဥ် အမျိုးမျိုး တပ်ပြီး ဆက်တိုက်ဖမ်းဆီးနေတာ။ ပြည်သူတွေအနေနဲ့ အပြင်ထွက်မယ်ဆိုရင် မိမိလက်ကိုင်ဖုန်း ကို လုံခြုံမှုရှိအောင်လုပ်ပြီးမှ သွားလာသင့်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၆၂၉ ယောက်အနက် ၁၃၃၃ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ဇူလိုင် ၁၃ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013